menu-iconlogo
huatong
huatong
avatar

ချိန်ခွင်

Aung La (Reason)huatong
cvise321huatong
Liedtext
Aufnahmen
သီချင်း - ချိန်ခွင်

တေးဆို - Aung La ၊​ Sandy Myint Lwin

Composers - Aung La and Moe Htet(B+)

Music Producer - Moe Htet(B+)

ဟေး မလိုချင်ရင် ပစ်ထားခဲ့ရတယ်

ဘာအတွက် ဟန်ဆောင် နေဦးမလဲ

ငါဆိုတာ မင်း အတွက်

ခဏတဖြုတ် ပျော်တော်ဆက်

အဆိပ်ပင်တွေ ကိုယ်တိုင် စိုက်ပျိုးပြီး

အခုအချိန်လေး တစ်ကြိမ်သေဖို့ထက် မက

နင်စိုက်သွင်းတဲ့ဓါး မသေမရှင်

ကျန်ခဲ့ရတော့မယ့် ဒီလူသား

ငါမသိတဲ့ အမုန်းဆိုတဲ့ တရား

သင်ပေးတယ် ဒဏ်ရာများ ခါးတယ်

ရင်ဘတ်ထဲမှာ သွေးစက်လက်နဲ့

ငါမသိတဲ့ အမုန်းဆိုတဲ့ တရား

သင်ပေးတယ် ဒဏ်ရာများ ခါးတယ်

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

မရင့်ကျက်ခဲ့တဲ့အတွေ့အကြုံများနဲ့

ရရှိလိုက်တဲ့အရာတခုကို

အသည်းခွဲခြင်းဟုခေါ်ဝေါ်မှတ်သား

မျက်နှာဖုံးအောက်ကအမှန်တရား

အထာတွေချန်မထားနှမ်းတွေဖြူးထားသော

အပေါ်ယံများ

စုတ်ပြတ်သက်တဲ့စိတ်ဓာတ်များလိုတာမရ

ရတာမလိုဖြစ်လို့

မင်းမှာလည်းနော်အတော်ခက်သား

လျှော့တွက်ထားခဲ့တော့ပြတ်သား

စိုင်းစိုင်းသီချင်းထဲကလို

ငါကပျော်တော်ဆက်လား

ငါ့အတွက်မတရားမှုဘဝပျက်လို့တော့မသွားဘူး

အပြောနဲ့အလုပ်တသားတည်းမကျသူ

အလကားပဲကွာအခုထားခဲ့ငါ့လူ

အရက်နာကျတဲ့မျက်နှာနဲ့ပက်ကြားအက်သွားတဲ့

ရင်ဘတ်နဲ့မင်းမပါတဲ့မနက်စာ

ပြဿနာများနဲ့လက်ခါပြခဲ့ရက်တာ

ထပ်ကာထပ်ကာဇာတ်နာသွားတဲ့လက္ခဏာ

ကဲပါကဲပါ အဲ့တာပဲကွာ

အသည်းတခါကွဲတာနဲ့

မဲ့ကာရွဲ့ကာလည်းမပြောချင်တော့ပါတို့တွေ

ဆယ်ကမ္ဘာလွဲမှာမငဲ့ညာခဲ့တာပဲ ဒဲဲ့ငါဖြဲမှာ

ရာသီဉတုသိပ်အခြေအနေမကောင်း

တထောင့်တညပုံပြင်များအိပ်ချင်ပြေသလောက်

မျက်နှာချင်းမဆိုင်ရဲတော့

အရိပ်အခြေတွေဖျောက်

အဖြစ်မခံနိုင်ခဲ့ပါ အဆိပ်ပင်ရေလောင်း

မနူးမနပ်ချိန်ကအတင်းကြီးရို့ကျိုး

အစွဲအလန်းကြီးစွာချစ်မိလို့ဆိုး

နောင်တများနဲ့အပြစ်ရှိသလိုမျိုး

လမ်းမတွေပေါ်မှာငါ Jipsy လိုဒိုး

အမုန်းဆိုတာဒါလားအရှုံးတို့သာငါရ

အသုံးမလိုမှခါချပြီးပြုံးလို့သာပြသွား

အုပ်မိုးကာ ကာထားလည်း အရုပ်လိုကစားတာပေါ့

မုန့်ကိုသာမျှစားမယ် အသည်းနှလုံးကိုတော့အထာထား

ငါမသိတဲ့ အမုန်းဆိုတဲ့ တရား

သင်ပေးတယ် ဒဏ်ရာများက ခါးတယ်

ရင်ဘတ်ထဲမှာ သွေးစက်လက်နဲ့

ငါမသိတဲ့ အမုန်းဆိုတဲ့ တရား

သင်ပေးတယ် ဒဏ်ရာများ ခါးတယ်

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

အမုန်းဆိုတာဒါလားအရှုံးတို့သာငါရ

အသုံးမလိုမှခါချပြီးပြုံးလို့သာပြသွား

အုပ်မိုးကာ ကာထားလည်း အရုပ်လိုကစားတာပေါ့

မုန့်ကိုသာမျှစားမယ် အသည်းနှလုံးကိုတော့အထာထား

အသည်းနှလုံးကိုတော့အထာထား

အမုန်းဆိုတာဒါလားအရှုံးတို့သာငါရ

အသုံးမလိုမှခါချပြီးပြုံးလို့သာပြသွား

အုပ်မိုးကာ ကာထားလည်း အရုပ်လိုကစားတာပေါ့

မုန့်ကိုသာမျှစားမယ် အသည်းနှလုံးကိုတော့အထာထား

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား

အလေးများတဲ့ ဘက်ကိုသာ

မင်းရွေးချယ်ပါ

Mehr von Aung La (Reason)

Alle sehenlogo