menu-iconlogo
huatong
huatong
avatar

မောင်နားလည်ပေးပါ

ChanMyae MgChohuatong
momoftwohuatong
Liedtext
Aufnahmen
သီချင်း - မောင်နားလည်းပေးပါ

တေးဆို - ချမ်းမြေ့မောင်ချို

ကြာရင်မေ့နိုင်သွားမယ် ထင်ပါရဲ့

တို့နှစ်ယောက်ပက်သက်မှုများရယ်

ကြိုးစားမေ့ရမှာပဲ ငါ့ဘဝထဲမလာဖို့အရေး

ငါတို့အရမ်းချစ်ခဲ့ကြတယ်ဆိုပေမယ့်

အချစ်က ဘဝနဲ့နှိုင်းယှဉ်လာတဲ့အခါ

မောင့်မိဘ အမျိုးအဆွေကြား

မဖြစ်နိုင်စရာတွေ များသား

တစ်ခါတစ်လေအချစ်က ချစ်တတ်ရုံနဲ့ပြီးမလား

တစ်ခါတစ်လေအချစ်က ပေးဆပ်ရချိန်မှာ

နှလုံးအိမ်ထဲ နာလိုက်တာ

မောင်ပင်ပန်းမယ့်အရေးကို မတွေးနိုင်တာခွင့်လွှတ်ပါ

မောင်နားလည်ပေးပါ ယုံကြည်ရာ

ဘဝတစ်ခုဆောင်ဖို့ မဖြစ်နိုင်တဲ့အခါ

မောင်မျှော်လင့်ထားတဲ့ လမ်းမဆုံးခင် နေခဲ့ရတာ

အားလုံးတို့ အပြစ်ပါ

မောင်နားလည်ပေးပါ ရွှေဘုံပေါ်မြထပ်ရဖို့

မထိုက်တန်တဲ့အခါ မောင်သွားပါ

ပေးဆပ်ရင်း နေရစ်ခဲ့မှာပါ

အို .. မောင် .. နားလည်ပါ

တစ်ခါတစ်လေအချစ်က ချစ်တတ်ရုံနဲ့ပြီးမလား

တစ်ခါတစ်လေအချစ်က ပေးဆပ်ရချိန်မှာ

နှလုံးအိမ်ထဲ နာလိုက်တာ

မောင်ပင်ပန်းမယ့်အရေးကို မတွေးနိုင်တာခွင့်လွှတ်ပါ

မောင်နားလည်ပေးပါ ယုံကြည်ရာ

ဘဝတစ်ခုဆောင်ဖို့ မဖြစ်နိုင်တဲ့အခါ

မောင်မျှော်လင့်ထားတဲ့ လမ်းမဆုံးခင် နေခဲ့ရတာ

အားလုံးတို့ အပြစ်ပါ

မောင်နားလည်ပေးပါ ရွှေဘုံပေါ်မြထပ်ရဖို့

မထိုက်တန်တဲ့အခါ မောင်သွားပါ

ပေးဆပ်ရင်း နေရစ်ခဲ့မှာပါ

အို .. မောင် .. နားလည်ပါ

အို .. မောင် .. Hmm

Mehr von ChanMyae MgCho

Alle sehenlogo
မောင်နားလည်ပေးပါ von ChanMyae MgCho - Songtext & Covers