menu-iconlogo
huatong
huatong
avatar

မပိုင်သူကိုယ့်သံသယ

hseng samhuatong
westgeaugahuatong
Liedtext
Aufnahmen
သီချင်း - မပိုင်သူကိုယ့်သံသယ

တေးဆို - ဆိုင်စံ

အလှအပတရားကိုသာ

ကိုးကွယ် ကြတဲ့

လူတွေသဘောကို လွန်ဆန်ပြီး

ကိုယ်လို လူတစ်ယောက် ကိုမှရွေး တတ်တယ်

အချစ်ရဲ့ နှလုံးသား ဆုံးဖြတ်ချက်ကို

မပြင်စတမ်းလား

စိုးရွံ့ အားငယ်စိတ် ကလေးတွေ ရောလို့

ကဗျာမဆန် ပန်းမဆန်တဲ့ ကိုယ့်အသည်း

ပန်ဆင်ဝံ့လည်း အဖြူပေါ်စွန်း မယ့်အရောင်

နွမ်းညစ် လို့ကွယ်

ကိုယ်ဘက် လိပ်ပြာ မသန့်သေးတယ်

ကိုယ့်ဘဝလမ်းမှာ တုံ့ပြန်အပြုံးတွေ

မရှိဘူးလို့ စိတ်ချနေကာမှ

ရိုက်ခတ်လာတဲ့

နှလုံးသားရဲ့ ပဲ့တင်သံလေးရယ်

ချိုတာကိုခါး စေတဲ့

အသိုင်း အဝိုင်းတွေကြား

ငိုသံနဲ့ရောကာ လွင့်ပါးမှာပဲ စိုးတယ်

လုံးဝမရရင်လဲ အကောင်းပါ

အခုတော့ မပိုင်ဆိုင် ရခင်မို့ ရတက်မအေး

ရင်မှာသံသယတွေ ကအားကောင်းနေ ဆဲပဲ

အချစ်ရယ် မိုးထက် ဂရုဏာသံလေးရယ်

ကိုယ့်ဘဝလမ်းမှာ တုံ့ပြန်အပြုံးတွေ

မရှိဘူးလို့ စိတ်ချနေကာမှ

ရိုက်ခတ်လာတဲ့

နှလုံးသားရဲ့ ပဲ့တင်သံလေးရယ်

ချိုတာကိုခါး စေတဲ့

အသိုင်း အဝိုင်းတွေကြား

ငိုသံနဲ့ရောကာ လွင့်ပါးမှာပဲ စိုးတယ်

လုံးဝမရရင်လဲ အကောင်းပါ

အခုတော့ မပိုင်ဆိုင် ရခင်မို့ ရတက်မအေး

ရင်မှာသံသယတွေ ကအားကောင်းနေ ဆဲပဲ

အချစ်ရယ် မိုးထက် ဂရုဏာသံလေးရယ်

Mehr von hseng sam

Alle sehenlogo