menu-iconlogo
huatong
huatong
avatar

လျှို့ဝှက်ထားတယ် (Backing Vocal)

ဇော်ပိုင် zaw painghuatong
AungAun_star58769126huatong
Liedtext
Aufnahmen
လျှို့ဝှက်ထားတယ်

တေးရေး - ဖိုးကာ

မမြင်နိုင်အောင် လျှို့ဝှက်ထားတယ် အကြင်နာမျက်ဝန်းတွေ

ငါ့အချစ်တွေ မင်းလေးမသိအောင် ဟန်ဆောင်လိမ်ညာရင်း

မဆုံနိုင်အောင် ကြိုးစားရင်း ငါနာကျင်နေပါပြီ

ဘယ်သူမှမသိနိုင်တဲ့ ငါ့အချစ်တွေ မင်းလည်းမသိဖို့လေ...

(ဟား • • • • • •ဟား)

မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာသိုဝှက်ရင်း

အတူဆုံချိန် အိပ်မက်ထဲမှာ အကြင်နာကို ရင်ဖွင့်

အမှောင်မှာ ရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ

ဟန်ဆောင် မျိုသိပ်ထားတဲ့ အချစ်တွေ မင်းမသိနဲ့တော့လေ

တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှ ဆုံစည်းဖို့မဖြစ်နိုင်ခဲ့ အကြင်နာရှိနှင့်ထားသူ မင်းနဲ့ဝေးရာရှောင်ဖယ်နေပါ့မယ်

တစ်ကိုယ်ရေ ငါရဲ့ အခန်းမှာ လူတွေမသိအောင်

တိတ်တဆိတ်ကျိတ်ငိုမယ် အိပ်မက်ထဲတော့ အပြစ်ယူ

မရက်စက်ပါနဲ့ တို့တွေ့ကြမယ်

Solo....................

မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာသိုဝှက်ရင်း

အတူဆုံချိန် အိပ်မက်ထဲမှာ အကြင်နာကို ရင်ဖွင့်

အမှောင်မှာ ရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ

ဟန်ဆောင် မျိုသိပ်ထားတဲ့ အချစ်တွေ မင်းမသိနဲ့တော့လေ

တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှ ဆုံစည်းဖို့မဖြစ်နိုင်ခဲ့

အကြင်နာရှိနှင့်ထားသူ မင်းနဲ့ဝေးရာရှောင်ဖယ်နေပါ့မယ်

တစ်ကိုယ်ရေ ငါရဲ့ အခန်းမှာ လူတွေမသိအောင်

တိတ်တဆိတ်ကျိတ်ငိုမယ် အိပ်မက်ထဲတော့ အပြစ်ယူ

မရက်စက်ပါနဲ့ တို့တွေ့ခွင့်လေး...

ဘယ်သူမှမသိနိုင်ဘူး ငါတစ်ယောက်တည်း မင်းကြောင့်ရူး ဟန်ဆောင်အချစ်ရှုံးသူ ချစ်ခဲ့ခြင်းက မှားယွင်းပြီ

ဘယ်သူမှ မသိနိုင်ဘူး ပူလောင်သောအချစ်တွေဆူး ဟန်ဆောင်အချစ်ရှုံးသူ အရာရာ ကြေပျက်သွားခဲ့ပြီ

ဘယ်သူမှမသိနိုင်ဘူး ငါတစ်ယောက်တည်း မင်းကြောင့်ရူး ဟန်ဆောင်အချစ်ရှုံးသူ ချစ်ခဲ့ခြင်းက မှားယွင်းပြီ

ဘယ်သူမှ မသိခဲ့ဘူး ပူလောင်သောအချစ်တွေဆူး ဟန်ဆောင်အချစ်ရှုံးသူ အရာရာ ကြေပျက်သွားခဲ့ပြီ

Mehr von ဇော်ပိုင် zaw paing

Alle sehenlogo