menu-iconlogo
huatong
huatong
avatar

သီချင်းမရှိတဲ့ဂစ်တာ

Lဆိုင်းဇီhuatong
LaYakeKhohuatong
Liedtext
Aufnahmen
သီချင်းမရှိတဲ့ဂီတာ

ဆို - Lဆိုင်းဇီ

ဆောင်းနှင်းလေးများကြားက

ထိုင်ခုံတန်းလျားလေးမှာလေ

ဂီတာလေးထက်ပြေးဆော့လို့နေ

ကြင်နာသူလက်ကလေး

အသာအယာကိုင်တွင်ကြည့်တော့နူးညံ့

အတွေးလေးများ ဆွတ်ပျံ့

တို့ရဲ့အနားမှာ မင်းက

ဟိုးတုန်းက သီချင်းတွေဆို

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့်မရတော့အောင်

အဝေးကြီးမင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

ပိုင်ရှင်လေးက ကင်းမဲ့ဒီအသည်းထဲ

ရင်ခုန်ခြင်းက ကြိုးများလျော့

မင်းမရှိတဲ့အခါ တို့ဘဝ

သီချင်းမရှိတဲ့ ..ဂီတာ..

ဝမ်းနည်းတဲ့ညများထဲ

ဂီတာလေးလည်း လွမ်းနေသလို

သံစဉ်များအားလုံးလို တိတ်ဆိတ်

ရင်ခုန်တာတောင် အသံတွေတိုး

ဟိုစဉ်ပျော်စရာကောင်းတဲ့သီချင်းများ

အိမ်မက်ထဲလည်း မကြား

အဖော်မဲ့ခဲ့သူလေးဘဝ

သီချင်းမရှိတဲ့...ဂီတာ...

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့်မရတော့အောင်

အဝေးကြီးမင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

စည်းချက်မှားခဲ့အသည်းမှာလေ

အချစ်ရဲ့ ကြိုးများလျော့

မင်းမရှိတဲ့အခါ တို့ဘဝ

သီချင်းမရှိတဲ့ ..ဂီတာ..

တူ.. တူ... တူ... တူ...

တူ... တူ... တူ... တူ...

ဟူး...

မနက်ဘက်တိုင်း တို့နိုးတော့

အပြင်ကိုနားစွင့်မိရင်လေ

ဆူဆူညံညံ အသံတွေအားလုံးထဲ

ဒီဂီတာသံချိုလေး ..

ဘယ်တော့များမှကြားရမလဲ

တွေးတိုင်းဆွေးမိပေါ့

မင်းမရှိတဲ့ဒီအခန်းထဲ

သီချင်းမရှိတဲ့..ဂီတာ

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့်မရတော့အောင်

အဝေးကြီးမင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

စည်းချက်မှားခဲ့အသည်းမှာလေ

ရင်ခုန်သံတွေက ကြိုးလျော့

မင်းမရှိတဲ့အခါ တို့ဘဝ

သီချင်းမရှိတဲ့ ..ဂီတာ..

အို..မင်းမရှိတဲ့အခါတို့ဘဝ

သီချင်းမရှိတဲ့... ဂီတာ

တူ..တူ... တူ... တူ... တူ...

တူ..တူ... တူ... တူ... တူ...

ဟူး...ဟူး......

Mehr von Lဆိုင်းဇီ

Alle sehenlogo