လောင်နေပြီ ငါ့အသည်း
Lလွန်းဝါ
ဖြေပါ ဒီတိုင်းတော့ လှည့်ထွက်မသွားနဲ့
ဖြေပါ အရင်လိုမင်း မချစ်တော့တာလား
ခံနိုင်ရည်အားများ ကုန်ခမ်း
အရာရာဟာ မင်းရှေ့မှာကျရှုံး အရှုံးပေးထားပါတယ်
တစ်ခါပြန်လှည့်ကာ နင်ကြည့်လှည့်
နင်မရှိဘဲ ဘယ်လို ခရီးဆက်ရမလဲ မနက်ဖြန်တွေ
ခြေစုံရပ် မျှော်လင့်ချက်မဲ့တဲ့ ကလေးလို
တစ်ခါပြန်ကာ အစက ငါမချစ်နိုင်တော့ဘူး
တော်ပါပြီမင်းနဲ့ လုံလောက်တယ်
ကျန်တာတွေ မလိုဘူး တကယ်မလိုဘူး
လောင်နေပြီ ငါ့အသည်း ဘယ်သူမှ မသိလဲ
ဒဏ်ရာနဲ့ တစ်ယောက်တည်း
နင်မရှိတဲ့ဘဝမို့ ငါမှာ တစ်ယောက်တည်း
ငါလွမ်း လွမ်းလို့ကျတဲ့မျက်ရည် ဘယ်သူတွေမြင်မလဲ
မခံနိုင်ပါ ဒီအလွမ်းဒဏ်
လောင်နေပြီ ငါ့အသည်းတွေ ကြွေပြီ
နင်မရှိဘဲ ဘယ်လို ရှေ့ဆက်ရမလဲ မနက်ဖြန်တွေ
ခြေစုံရပ် မျှော်လင့်ချက်မဲ့တဲ့ ကလေးလို
တစ်ခါပြန်ကာ အစက ငါမချစ်နိုင်တော့ဘူး
တော်ပါပြီ မင်းနဲ့ လုံလောက်တယ်
ကျန်တာတွေ မလိုဘူး တကယ်မလိုဘူး
လောင်နေပြီ ငါ့အသည်း ဘယ်သူမှမသိလဲ
ဒဏ်ရာနဲ့ တစ်ယောက်တည်း
နင်မရှိတဲ့ဘဝမို့ ငါမှာ တစ်ယောက်တည်း
ငါလွမ်း လွမ်းလို့ကျတဲ့မျက်ရည် ဘယ်သူတွေမြင်မလဲ
မခံနိုင်ပါ ဒီအလွမ်းဒဏ်
လောင်နေပြီ ငါ့အသည်းတွေ
လောင်နေပြီ ငါ့အသည်း ဘယ်သူမှ မသိလဲ
ဒဏ်ရာနဲ့ တစ်ယောက်တည်း နင်မရှိတဲ့ဘဝမို့ ငါမှာ အဖော်မဲ့
ငါလွမ်း လွမ်းလို့ကျတဲ့မျက်ရည် ဘယ်သူတွေမြင်မလဲ
မခံနိုင်ပါ ဒီအလွမ်းဒဏ်
လောင်နေပြီ ငါ့အသည်းတွေ ကြွေပြီ
မခံနိုင်ပါ ဒီအလွမ်းဒဏ်
လောင်နေပြီ ငါ့အသည်းတွေ ကြွေပြီ
Thanks KK