menu-iconlogo
huatong
huatong
min-yatu-paing--cover-image

ဟိုအရင်လို

Min Yatu Painghuatong
mike.lennonhuatong
Liedtext
Aufnahmen
သီချင်း - ဟိုအရင်လို

တေးဆို - မင်းရတုပိုင်

ငါနင့်အတွက် အကောင်းဆုံးမပေးနိုင်တောင်

နင်ပျော်ရွှင်ဖို့အတွက်

ခဏတော့ သုံးလို့ရမယ်ဆို နင်ပြန်ယူသုံးလှည့်ပါ

အရာရာ စွန့်လွတ်ပြီး

အလွမ်းတွေကြားမှာ မွန်းကြပ်နေ....

ဟိုတုန်းကရိုက်ခဲ့ဖူးတဲ့

တို့နှစ်ယောက်ဓာတ်ပုံရှိသေးလား...

နင်မရှိတဲ့နေ့ရက်များမှာ

ငါ့ရဲ့အချစ်က နေသားမကျ

တစ်ကပြန်စလို့မရတဲ့အချစ်ကို

တစ်စစီဖျက်ဆီးသွား နင်ပျော်ရဲ့လား....

ဟိုအရင်လို နင့်ရဲ့ဘေးမှာ ငါမရှိလို့အဆင်ပြေလား

ဟိုအရင်လို နင်ကြိုက်တဲ့အရာတွေဆို သူသိမလား

နင့်ရဲ့စိတ်ကြိုက် နင့်သဘောအတိုင်း

ငါနေခဲ့လဲ နင်ငါ့ကို ထားပစ်ခဲ့တယ်...

ရင်ထဲမှာ အမာရွက်လေးတော့ အခုထိငါ နာကျင်ဆဲ

မေ့ဖို့တော့ခက်နေတယ် မုန်းဖို့ဆို ဘယ်လွယ်မလဲ

ထားခဲ့လိုက်ပါ အားလုံးအဆုံးသတ်မှာ ကြေကွဲလည်း

ငါနေခဲ့ပါ့မယ်....

မေ့ပစ်ဖို့အတွက် ငါအကြိမ်ကြိမ်ကြိုးစားခဲ့

နာကျည်းလို့မရတဲ့စိတ်ကို သံယောဇဉ်က ရစ်ပတ်နွယ်

နောက်ဆုံးကျတော့ လမ်းခွဲသွားတာ

အကြောင်းပြချက်မျိုးစုံနဲ့

တကယ်ဆိုရင် အစောကတည်းက မချစ်ပါနဲ့လား..

နာကျင်နေသူ ဒူးထောက်လို့ အရှုံးပေးကာထား

မာယာများနဲ့ အချစ်ကို မုသားတို့သုံးကာ

ဟန်ဆောင်ကာအပျော်တွဲခဲ့သလား....

နင်အဆင်ပြေရင် ငါ့ဘက်တော့လှည့်မကြည့်နဲ့သွား

ဟိုအရင်အချိန်က ချစ်ခဲ့သမျှ အခုတော့ အလကား

မင်းရဲ့အနားမှာ ငါမရှိတော့တဲ့အခါ

နောင်တတို့ရချိန်မှာ နင်မလွမ်းပါနဲ့လား...

ဟိုအရင်လို နင့်ရဲ့ဘေးမှာ ငါမရှိလို့အဆင်ပြေလား

ဟိုအရင်လို နင်ကြိုက်တဲ့အရာတွေဆို သူသိမလား

နင့်ရဲ့စိတ်ကြိုက် နင့်သဘောအတိုင်း

ငါနေခဲ့လဲ နင်ငါ့ကို ထားပစ်ခဲ့တယ်...

ရင်ထဲမှာ အမာရွက်လေးတော့ အခုထိငါနာကျင်ဆဲ

မေ့ဖို့တော့ခက်နေတယ် မုန်းဖို့ဆို ဘယ်လွယ်မလဲ

ထားခဲ့လိုက်ပါ အားလုံးအဆုံးသတ်မှာ ကြေကွဲလည်း

ငါနေခဲ့ပါ့မယ်....

ဟိုအရင်လို နင့်ရဲ့ဘေးမှာ ငါမရှိလို့အဆင်ပြေလား

နင်ငါ့ကို ထားပစ်ခဲ့တယ်...

Mehr von Min Yatu Paing

Alle sehenlogo