menu-iconlogo
huatong
huatong
--cover-image

ကြာဖြူ

မနောhuatong
Hochgeladen von brodybear
ခါဝသန်မိုးစက်တွေအငြိုးကြီးစွာရွာနေ

ဒီအချိန်ဆိုအမြဲတမ်းငါသတိရကာငိုချင်နေ

ဟိုအရင်အတိတ်ကညနေ

လယ်စောင့်တဲလေးခြေတံရှည်

ဟူး ဟူး ဟူး..

မှုံမခြယ်ပါးမို့မှာသနပ်ခါးလေးတွေထူနေ

ထမိန်တိုတိုလေးဝတ်ခါ

လှမ်းထွက်လာပုံတွေ

လည်တိုင်ကျော့ကျော့လေးက

ကြာပုတီးလေးနဲ့ယဉ်သူရေ...

ဟူး ဟူး ဟူး..

ကြာဖြူရေကြာဖြူရေ...

ရွှေမိုးလေးတွေ

ရွာတိုင်းပဲသတိရနေ

လယ်ကဆင်းတွေထဲမှာပျော်ဖူးခဲ့တာတွေ

ဒီချိန်ဆိုကြာဖြူရေ

မိုးစက်တွေထဲမင်းငိုနေမလားလေ...

ခါဝသန်မိုးစက်တွေအငြိုးကြီးစွာရွာနေ

ဒီအချိန်ဆိုအမြဲတမ်းငါသတိရကာငိုချင်နေ

ဟိုအရင်အတိတ်ကညနေ

လယ်စောင့်တဲလေးခြေတံရှည်

ဟူး ဟူး ဟူး..

မှုံမခြယ်ပါးမို့မှာသနပ်ခါးလေးတွေထူနေ

ထမိန်တိုတိုလေးဝတ်ခါ

လှမ်းထွက် လာပုံတွေ

လည်တိုင်ကျော့ကျော့လေးက

ကြာပုတီးလေးနဲ့ယဉ်သူရေ...

ဟူး ဟူး ဟူး..

ကြာဖြူရေကြာဖြူရေ...

ရွှေမိုးလေးတွေ

ရွာတိုင်းပဲသတိရနေ

လယ်ကဆင်းတွေထဲမှာပျော်ဖူးခဲ့တာတွေ

ဒီချိန်ဆိုကြာဖြူရေ

မိုးစက်တွေထဲမင်းငိုနေမလားလေ...

လွမ်းတယ်လေ...လွမ်းတယ်ကြာဖြူရေ

ကြာနွယ်ရိုးလေးတွေဟိုတုန်းကလို

မင်းလည်တိုင်လေးမစွဲပေးနိုင်ဘူးလေ

တပြည်စီဝေးနေ

ရင်မှာဆွေးနေမကြာခင်လေး...

ပြန်လာမယ်လေမိုးစက်တွေထဲ

မင်းစောင့်နေပေါ့လေ...

လွမ်းတယ်ကြာဖြူရယ်

နင်လဲငါ့ကိုလွမ်းနေရောပေါ့

နင်နေမှာကောင်းရဲ့လားဟင်

ငါပြန်လာမှာပါဟ

ကြာဖြူရေကြာဖြူရေ....

ရွှေမိုးလေးတွေ

ရွာတိုင်းပဲသတိရနေ

လယ်ကဆင်းတွေထဲမှာပျော်ဖူးခဲ့တာတွေ

ဒီချိန်ဆိုကြာဖြူရေ

မိုးစက်တွေထဲမင်းငိုနေမလားလေ

လွမ်းတယ်လေ...လွမ်းတယ်ကြာဖြူရေ

ကြာနွယ်ရိုးလေးတွေဟိုတုန်းကလို

မင်းလည်တိုင်လေးမစွဲပေးနိုင်ဘူးလေ

တပြည်စီဝေးနေ ရင်မှာဆွေးနေမကြာခင်လေး...

ပြန်လာမယ်လေမိုးစက်တွေထဲ

မင်းစောင့်နေပေါ့လေ...

Aufnahmen

Das könnte dir gefallen

Mehr anzeigenlogo

Ähnliche Playlisten

Mehr anzeigenlogo