menu-iconlogo
huatong
huatong
avatar

မျှော်လင့်ဆဲ

Ni Ni Khin Zawhuatong
dujuankopfhuatong
Liedtext
Aufnahmen
မျှော်လင့်ဆဲ

နီနီခင်ဇော်

ကြင်နာတဲ့အကြောင်းလေး ပြန်စဉ်းစား

မင်းပေးခဲ့တဲ့ ကတိတွေကို သတိရ

အခုတော့မင်း ဘယ်ဆီမှာ ရှောင်တိမ်းလို့

ပြေးထွက်သွား

အချိန်တွေကြာ မင်းလေးကိုတမ်းတ

အစိတ်စိတ်နဲ့ ကွဲကြေငါ့နှလုံးသား

မင်းပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့

ငါရူးမတတ်ဖြစ်လို့သွား...

နာရီတိုင်း နေ့ရက်တိုင်းက မင်းပါကွာ

မင်းအငွေ့အသက်တို့ ရင်မှာစိုးမိုးထား

မင်းစကားပြောတဲ့ အသံလေးများ

ငါ့နားထဲကြားယောင်လာ...

ကြယ်စင်များ ဒီကမ္ဘာမြေပေါ်

ဆင်းသက်သွားလည်းကွာ

အမြဲတမ်းပဲ ငါကြင်နာတာ မင်းတစ်ယောက်ပါ

ချစ်တဲ့မင်း ပြန်လာချိန်လေး

ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ

ချစ်သူရာ...

အတူပျော်ခဲ့ နေ့ရက်တို့ သတိရ

မဟောင်းသေးတဲ့ အတိတ်ကို ပြန်တမ်းတ

မင်းပေးခဲ့တဲ့ ပျော်ရွှင်မှုလေး

ငါအမှတ်ရလို့နေမှာ

ဘယ်ဆီကို မင်းတစ်ယောက်ထွက်ပြေးသွား

အတွေးများနဲ့ရူးနေ ငါအဆွေးသမား

စိမ်းကားရက်တဲ့ ကြင်နာသူလေး

ပြန်လာခဲ့ဖို့ သင့်ပြီကွာ...

နာရီတိုင်း နေ့ရက်တိုင်းက မင်းပါကွာ

မင်းအငွေ့အသက်တို့ ရင်မှာစိုးမိုးထား

မင်းစကားပြောတဲ့ အသံလေးများ

ငါ့နားထဲကြားယောင်လာ...

ကြယ်စင်များ ဒီကမ္ဘာမြေပေါ်

ဆင်းသက်သွားလည်းကွာ

အမြဲတမ်းပဲ ငါကြင်နာတာ မင်းတစ်ယောက်ပါ

ချစ်တဲ့မင်း ပြန်လာချိန်လေး

ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ

ချစ်သူရာ...

.......................

နာရီတိုင်း နေ့ရက်တိုင်းက မင်းပါလား

မင်းအငွေ့အသက်တို့ ရင်မှာစိုးမိုးထား

မင်းစကားပြောတဲ့ အသံလေးများ

ငါ့နားထဲကြားယောင်သလား...ဟာ

ကြယ်စင်များ ဒီကမ္ဘာမြေပေါ်

ဆင်းသက်သွားလည်းကွာ

အမြဲတမ်းပဲ ငါကြင်နာတာ မင်းတစ်ယောက်ပါ

ချစ်တဲ့မင်းပြန် လာချိန်လေး

ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ

ဟိုး...၀ိုး...

ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ

ချစ်သူရာ...

Mehr von Ni Ni Khin Zaw

Alle sehenlogo

Das könnte dir gefallen