သီချင်း - လိပ်ပြာသန့်တယ်
တေးဆို - ဖြိုးကြီး
တိမ်ဆိုင်မြူတွေလို လွင့်မျောနေတဲ့
နှောင်ဖွဲ့မှုများတဲ့ကမ္ဘာကြီးထဲ
ဇာတ်လမ်းအဆုံးကသိနေတော့
ငါလျှောက်တဲ့လမ်းမှာမင်းကအမှိုက်
လျှောက်ပြီးနင်ပြောကာ စွန့်ခွာတယ် သူစိမ်းအတိုင်း
နင်ပဲ မင်းသမီးလုပ်သွားတော့
အကုန်လုံးနင်စွန့်ကာ ငါ့ဆီရောက်လာပြီး
နင်ပြန်ပြီးဖျက်ဆီး တို့ရွေးချယ်တဲ့လမ်းခရီး
တစ်ယောက်တည်းနေတတ်ပြီးသား
မပျှော်တော့ရင်ထွက်သွားပါ
အတူမနေချင်လည်း အတင်းအကြပ်မခေါ်ရက်ပါ
ငါလိပ်ပြာသန့်ပြီးသား
ကိုယ့်အကြောင်းကိုယ်သာအသိပါ
ကာရံမညီသောအချစ်တို့ မှုန်ဝါးလာ
အို . . . ဝေးဝေးသွား . . . ဝေးဝေးသွား . . .
ဟိုအရင်အတူတူ တီတီတာတာ နင်ရယ်ငါ
သာယာပျော်ရွှင်ချိန်လေးတွေ
အမှတ်တမဲ့အဖြစ်တောင် မင်းပြန်လွမ်းပါ့မလား
ကိုယ်ချင်းစာတရားကိုသင်ယူလိုက်
နင်နားလည်တဲ့အခါ အချစ်ကိုပြန်ပြီးစိုက်
ငါကမပြောင်းလဲဘူးအရင်အတိုင်း
မိုးသည်းထဲမှာ အလွမ်းများကျွမ်းလောင်ပြီ
မတည်မြဲတဲ့သမိုင်းမှာ မင်းအမည်ငါရေးမိ
တစ်ယောက်တည်းနေတတ်ပြီးသား
မပျှော်တော့ရင်ထွက်သွားပါ
အတူမနေချင်လည်း အတင်းအကြပ်မခေါ်ရက်ပါ
ငါလိပ်ပြာသန့်ပြီးသား
ကိုယ့်အကြောင်းကိုယ်သာအသိပါ
ကာရံမညီသောအချစ်တို့ မှုန်ဝါးလာ
တို့ . . . ဝေးဝေးသွား . . .
အို..ဝေးလို့သွား . . .
ပြန်မနီးစပ်တော့ပါလား . . .
အကုန်လုံးနင်စွန့်ကာ ငါ့ဆီရောက်လာပြီး
နင်ပြန်ပြီးဖျက်ဆီး တို့ရွေးချယ်တဲ့လမ်းခရီး
တစ်ယောက်တည်းနေတတ်ပြီးသား
မပျှော်တော့ရင်ထွက်သွားပါ
အတူမနေချင်လည်း အတင်းအကြပ်မခေါ်ရက်ပါ
ငါလိပ်ပြာသန့်ပြီးသား
ကိုယ့်အကြောင်းကိုယ်သာအသိပါ
ကာရံမညီသောအချစ်တို့ မှုန်ဝါးလာ
အို . . . ဝေးဝေးသွား . . . ဝေးဝေးသွား . . .
ဟိုအရင်အတူတူ တီတီတာတာ
နင်ရယ်ငါ သာယာပျော်ရွှင်ချိန်လေးတွေ