မနက်ဖြန်ကျရင် ဘာလုပ်မယ်
ကိုယ့်စိတ်ကူးနဲ့ အစီစဉ်ဆွဲ
အဲဒီမနက်ဖြန် တကယ်ရောက်ဖို့
မသေချာဘူးကွယ်
အသက်ငယ်သေးတယ် အချိန်ရှိတယ်
တွေးနေမိရင် တကယ်မှားမယ်
ကိုယ်တိုင်မတွေးခဲ့ရင်
ဆင်ခြင် မိနိုင်ဖို့ ဝေးမယ်
ကိုယ်တိုင်ကြုံမှ သိတယ်
ကိုယ်တိုင်မပိုင်တဲ့ အသက်ရယ်
မသေချာမရေရာနိုင်ဘူး
လူ့ဘဝဟာ အခိုးငွေ့ပါ
ဘယ်အချိန်ကြုံမလဲ မသိတယ်
တစ်ချိန်ချိန်မှာတော့တွေ့မယ်
အသေအချာအဖြေတွေရှိထား
အသင့့်ဖြစ်စေချင်တယ်
အလှပဆုံး ဒီဘဝများအလယ်
ပန်းပွင့်လေးတွေလိုပါပဲ
ခဏတာလေးသာပွင့်လန်းပြီး ကြွေရဦးမယ်
နေ့ရက်အလင်းတွေ ကုန်ဆုံးရင်
ညအမှောင်ထုကို ကြုံရမယ်
ကိုယ်တိုင်မတွေးခဲ့ရင်
ဆင်ခြင်မိနိုင်ဖို့ ဝေးမယ်
ကိုယ်တိုင်ကြုံမှသိတယ်
ကိုယ်တိုင်မပိုင်တဲ့အသက်ရယ်
မသေချာမရေရာနိုင်ဘူး
လူ့ဘဝဟာ အခိုးငွေ့ပါ
ဘယ်အချိန်ကြုံမလဲမသိတယ်
တစ်ချိန်ချိန်မှာတော့တွေ့မယ်
အသေအချာအဖြေတွေရှိထား
အသင့့်ဖြစ်စေချင်တယ်
ကိုယ်တိုင်ကြုံမှသိတယ်
ကိုယ်တိုင်မပိုင်တဲ့အသက်ရယ်
မသေချာမရေရာနိုင်ဘူး
လူ့ဘဝဟာ အခိုးငွေ့ပါ
ဘယ်အချိန်ကြုံမလဲ မသိတယ်
တစ်ချိန်ချိန်မှာတော့ တွေ့မယ်
အသေအချာအဖြေတွေရှိထား
အသင့့်ဖြစ်စေချင်တယ်
ကိုယ်တော်ရှင်က တို့အတွက်အဖြေပါ ပဲ