menu-iconlogo
huatong
huatong
avatar

ချစ်ဧည့်သည်

ကဗျာဘွဲ့မှူးhuatong
Happy_Stalker🤗huatong
Lyrics
Recordings
တချိန်ကဆို

ရွှေကျီးတွေသာတိုင်းလဲ

ဧည့်ကောင်းတွေလာတတ်တဲ့

အစွဲတွေနဲ့..

အလွမ်းတောင်တန်းတစ်ဖက်က

ချစ်စွာသောဧည့်သည်

မင်းအလည်လာ ရောက်ခဲ့တယ်..

အလာခရီးမှာ အပြုံးတွေကလွဲလို့

ဘာမှမယူခဲ့ပဲနဲ့ ထုံးစံအတိုင်း

မင်းပြန်သွားတုန်းက

အလစ်သုတ်သွားခဲ့တဲ့

အချစ်တွေ ပြန်ပေးစေချင်

အတိအကျလည်း မသိတသိနဲ့

အဓိကလည်း မကျတကျနဲ့

ခဏခဏမင်းကို

အောက်မေ့တာ သတိရတာ

မင်းဝေဒနာ ပေးသွားပြီ

ခြံထဲမှာ အိမ်ကခွေးတွေဟောင်တိုင်းလဲ

အလန့်တကြား ကိုယ်အပြေးအလွှား

ဧည့်သည်လား..

ဝန်းခြံထိပ်ရောက်လာ

မင်းလာမလားဝမ်းသာ

အချစ်ဝေဒနာပေးသူရယ်

တချိန်ကဆို

ရွှေကျီးတွေသာတိုင်းလဲ

ဧည့်ကောင်းတွေလာတတ်တဲ့

အစွဲတွေနဲ့..

အလွမ်းတောင်တန်းတစ်ဖက်က

ချစ်စွာသောဧည့်သည်

မင်းအလည်လာ ရောက်ခဲ့တယ်

အလာခရီးမှာ အပြုံးတွေကလွဲလို့

ဘာမှမယူခဲ့ပဲနဲ့ ထုံးစံအတိုင်း

မင်းပြန်သွားတုန်းက

အလစ်သုတ်သွားခဲ့တဲ့

အချစ်တွေ ပြန်ပေးစေချင်..

အတိအကျလည်း မသိတသိနဲ့

အဓိကလည်း မကျတကျနဲ့

ခဏခဏမင်းကို

အောက်မေ့တာ သတိရတာ

မင်းဝေဒနာ ပေးသွားပြီ

ခြံထဲမှာ အိမ်ကခွေးတွေဟောင်တိုင်းလဲ

အလန့်တကြား ကိုယ်အပြေးအလွှား

ဧည့်သည်လား

ဝန်းခြံထိပ်ရောက်လာ

မင်းလာမလားဝမ်းသာ

အချစ်ဝေဒနာပေးသူရယ်

More From ကဗျာဘွဲ့မှူး

See alllogo