menu-iconlogo
huatong
huatong
avatar

တူနှစ်ကိုယ်တိုင်းပြည်

ကိုင်ဇာhuatong
pitigoiulhuatong
Lyrics
Recordings
တူနှစ်ကိုယ်တိုင်းပြည် (သီရိ)

တေးရေး နိုင်မြန်မာ

တေးဆို ကိုင်ဇာ

တာဝတိံသာက

နတ်သမီးလေး တစ်ပါး

နတ်သက်ကြွေကာ

မြန်မာပြည်မှာ လူဖြစ်ပြီးတော့

မွေးဖွါးလာတယ်

အိန္ဒြေပိုင်ရှင် ယဉ်ကျေးမှု့နဲ့

သူ့ အလှတွေရယ်

မြင်လျှင်မြင်လျှင် မြင်ချင်းဘဲကွယ်

ချစ်မိစေတယ်..

ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်

ရည်မှန်းထားတဲ့

အချစ်ပန်းကောင်း တစ်ပွင့်မို့ကွယ်

ဆွတ်ခူး လက်ကမ်းလှမ်းကြံရွယ်

ကြွေပါတော့ကွယ်..

ပေပေတေတေ နေပြစ်ခဲ့သမျှ

တို့ ပြုပြင်မယ်

အိမ်ရာထူထောင် အတည်တကျဖြစ်ဖို့

ကြိုးစားချင်တယ်

ကိုယ်ကြင်နာသူ ကိုယ့်ရည်းစားလေး

တင့်တင့် တယ်တယ်

လူပုံအလည်မှာ မျက်နှာပန်းလှဖို့

တို့ စွမ်းဆောင်မယ်..

သူငယ်ချင်းများနဲ့

အပျော်အပါးလဲ လျှော့ပါ့မယ်

အိမ်မြဲပါ့မယ်

သန်းခေါင်ညဉ့်နက် လမ်းထွက်မလည်

အရင်တုန်းက အချိုးမျိုးပြင်ကာ

လိမ္မာပါ့မယ်..

ကြင်နာသူကို ရည်မှန်းကြိုးစား

စွမ်းအားတွေရယ်

ဓူဝံကြယ်ကို တောင်ဖက်အရပ်ထိ

ရွှေ့ပစ်လိုက်နိုင်တယ်

နာမည်ကျော်တဲ့ သူရဲကောင်းတစ်ယောက်

မဟုတ်ခဲ့ပေမယ့်

ပင်လယ်ပြင်ကို ပြာကျတဲ့အထိ

မီးရှို့နိုင်တယ်

ညာလက်ရုံးနဲ့

တည်ဆောက်ရမယ့် ဘဝရယ်

ဘယ်လက်ရုံးနဲ့

ကိုယ်သိမ်းပိုက်မယ့် အချစ်ရယ်

ယောင်္ကျားကောင်း

တစ်ယောက်ရဲ့ သစ္စာနဲ့

ကြင်နာပါ့မယ်..

သူရယ် ကိုယ်ရယ်

ရှေ့သွား နောက်လိုက်

ဆံထုံးနဲ့ သျှောင်နဲ့

အိမ်သူ ကြင်ဖေါ်

နှစ်ယောက်တည်း သီးသန့်

ဖြစ်တဲ့အခါမယ်..

သူသူ ငါငါ

ရေလဲသုံးတဲ့ စကားလေးကိုကွယ်

အကြိမ်ကြိမ် အဖန်ဖန်

ထပ်တလဲလဲမက

ပြောပြောနေမယ်

ဒီလောကနဲ့

အလွန်ဝေးတဲ့ အရပ်တစ်ခုမယ်

သမ္မာကျမ်းထဲက

ကမ္ဘာဦးသမီး ရည်းစားလို

နှစ်ယောက်တည်းနဲ့

တို့ရဲ့ တိုင်းပြည်ကို

ထူထောင်ကြမယ်..

ပြီးပါပြီ။

မှတ်ချက်။ ။ စာသားပေးပို့တဲ့ ကျွန်တော့ရဲ့

သဲလေးအား ကျေးဇူးအထူးတင်ရှိပါတယ်။

More From ကိုင်ဇာ

See alllogo