မကြင်နာသူသို့
တေးဆို ကောင်းကောင်း
မင်းသိပါတယ်
ကိုယ့်ရဲ့ရင်ထဲ
မင်းအတွက်ဆို အသက်နဲ့ထပ်တူ
ရင်မှာကိုယ်ပေးဆပ်တာ
ဖွင့်ပြောရက်နိုင်တယ်
လမ်းခွဲမယ့်စကား
အမှားမရှိပေမယ့်လဲကိုယ့်ကို
မကြင်နာရှောင်ပုန်းရက်သူ
အိုး.. မမှီနိုင်တဲ့ပန်း
မချွေထိုက်မှန်းတော့
ကိုယ်လေသိနားလည်
မလုံခြုံတဲ့ရင်ခွင်တံခါးလေး
သူထွက်သွားပြီခုတော့
အချစ်ကြီးသူ အရှုံးပဲကွာ
နာကြင်စွာခံစားရင်း
မိုးရေစက်လိုငါ့မျက်ရည်များ
အရင်အရိပ်တွေကိုယ့်ရှေ့မှာ
လှောင်ရယ်နေတယ်နေရာတိုင်းပေါ့
သူမကြင်နာလဲကိုယ်ခွင့်လွှတ်နေမယ်
နှလုံးသားစေရာ
လိုက်လျှောက်သူမို့
မင်းအချစ်နဲ့အဝေးဆုံးတစ်ဖက်မှာ
အရာရာကိုယ်ဆုံးရှုံးလို့
တခြားတစ်ယောက်နဲ့အကြောင်း
ကြားမိချိန်လေး
တိတ်တဆိတ်ကြွေကျခဲ့မျက်ရည်
ခံနိုင်ရည်မရှိဘူးလေ
အိုး.. မမှီနိုင်တဲ့ပန်း
မချွေထိုက်မှန်းတော့
ကိုယ်လေသိနားလည်
မလုံခြုံတဲ့ရင်ခွင်တံခါးလေး
သူထွက်သွားပြီခုတော့
အချစ်ကြီးသူ အရှုံးပဲကွာ
နာကြင်စွာခံစားရင်း
မိုးရေစက်လိုငါ့မျက်ရည်များ
အရင်အရိပ်တွေကိုယ့်ရှေ့မှာ
လှောင်ရယ်နေတယ်နေရာတိုင်းပေါ့
သူမကြင်နာလဲကိုယ်ခွင့်လွှတ်နေမယ်
အချစ်ကြီးသူ အရှုံးပဲကွာ
နာကြင်စွာခံစားရင်း
မိုးရေစက်လိုငါ့မျက်ရည်များ
အရင်အရိပ်တွေကိုယ့်ရှေ့မှာ
လှောင်ရယ်နေတယ်နေရာတိုင်းပေါ့
သူမကြင်နာလဲကိုယ်ခွင့်လွှတ်နေမယ်
ပြန်လာချင်လဲ ကိုယ်တံခါးဖွင့်လို့ ထားမယ်