menu-iconlogo
huatong
huatong
avatar

ချစ်ဧည့်သည်

ကျော်သီဟhuatong
sassyjeep97huatong
Lyrics
Recordings
သီချင်း - ချစ်ဧည့်သည်

တေးဆို - ကျော်သီဟ

ငါလှမ်းမခေါ်ပဲ ဝင်ရောက်လာတဲ့

အိပ်မက်တစ်ခုပေါ့ကွာ

ပျော်ခဲ့ပါတယ်

လေထဲအိမ်ငယ် ဆောက်သောငါ့လက်ပါ

မထင်မှတ်တဲ့အချိန်မှာ တိုးလို့ဝင်လာ

ငါမချမ်းသာလည်း

နေရိပ်လုံတဲ့ ခြံဝန်းလေးထဲမှာ

အပင်အရိပ်တွေနဲ့ လေကောင်းလေသန့်

ရှူပြီးနားလှည့်ပါ

အိုး...အမောအပန်းဖြေချိန်

ထလို့ပြန်သွား...

ခဏတာရောက်လာလေသော ဧည့်သည်..

အမှတ်တရများ ချန်ခဲ့သော ဧည့်သည်..

ခဏတာလေးပါပဲ

မင်းဝင်ရောက်လာပြီး

ပြန်ထွက်သွားခဲ့တယ်

အချစ်ကိုသိစေခဲ့သော ဧည့်သည်

အလွမ်းကိုလက်ဆောင်အဖြစ်ပေးခဲ့တယ်

မင်းရဲ့ကျောပြင်လေး ငေးကာကြည့်နေခဲ့

ဒီယာယီတဲလေးထဲ

အမှန်တရားမဟုတ်လည်း စိတ်ကူးယဉ်တဲ့

ဇာတ်လမ်းလေးထဲမှာ သူနဲ့ယှဉ်တွဲ

ငါအရေးပါတဲ့လူတစ်ယောက်ဖြစ်လှည့်ပါ

ကိုယ်ပိုင်အတွေးလေးတွေဟာ ငါ့နိဗ္ဗာန်ပါ...

သူမှမပျော်ပဲ ကိုယ်မတားရက်ဘူး

ချန်လို့ထားလည်းကွာ

ဒီအခိုက်အတန့်လေး မကြာခဲ့ပေမယ့်

ဘဝကြီးတစ်ခုဖြစ်လာ

ခံစားမှုဆိုတာ အချစ်လို့ခေါ်လား

ခဏတာရောက်လာလေသော ဧည့်သည်..

အမှတ်တရများ ချန်ခဲ့သော ဧည့်သည်..

ခဏတာလေးပါပဲ မင်းဝင်ရောက်လာပြီး

ပြန်ထွက်သွားခဲ့တယ်

အချစ်ကိုသိစေခဲ့သော ဧည့်သည်..

အလွမ်းကိုလက်ဆောင်အဖြစ်ပေးခဲ့တယ်

မင်းရဲ့ကျောပြင်လေး ငေးကာကြည့်နေခဲ့

ဒီယာယီတဲလေးထဲ

ခဏတာရောက်လာလေသော ဧည့်သည်..

အမှတ်တရများ ချန်ခဲ့သော ဧည့်သည်..

ခဏတာလေးပါပဲ မင်းဝင်ရောက်လာပြီး

ပြန်ထွက်သွားခဲ့တယ်

အချစ်ကိုသိစေခဲ့သော ဧည့်သည်..

အလွမ်းကိုလက်ဆောင်အဖြစ် ပေးခဲ့တယ်

မင်းရဲ့ကျောပြင်လေး ငေးကာကြည့်နေခဲ့

ဒီယာယီတဲလေးထဲ

မင်းရဲ့ကျောပြင်လေး ငေးကာကြည့်နေခဲ့

ဒီယာယီတဲလေးဝယ်

More From ကျော်သီဟ

See alllogo