သီချင်း - ဘယ်သူတွေမေးမေး
တေးဆို - ခင်စုစုနိုင်
ပြောပြတော့မယ် နှလုံးသားထဲက
စကားလေးတစ်ခွန်းကိုနင်တစ်ယောက်တည်းအတွက်
တုန်ရီနေတဲ့စိတ်တွေ
တည်ငြိမ်အောင်ပြန်ထားရင်လေ
တိုးတိုးလေး နင်နားစိုက်လို့ထား
မိုးသားကောင်းကင် မြေကြီးရဲ့ကြားက
ရှိရှိသမျှအရာအကုန် တိုင်တည်ပြီးပြောမယ်
အလေးနက်ဆုံးဒီစကားအရိုးရှင်းဆုံးပါပဲ
မင်းတစ်ယောက်တည်း ငါချစ်မိပြီ
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တစ်ခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေး အချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးထိ ယုံထားလိုက်
မင်းတစ်ယောက်တည်းပါပဲ
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တစ်ခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေးအချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးထိ ယုံထားလိုက်
မင်းကတစ်ဦးတည်းသော ငါ့ချစ်သူ
ဘဝတစ်သက်လုံးစာ မက်တဲ့အိမ်မက်
မင်းနဲ့ကျမှ အရောင်တွေစုံသွားခဲ့ပြီ
ဆုံးဖြတ်ချက်တွေလည်း ရဲရင့်လို့နေပြီး
အချစ်အတွက်နဲ့ ဘဝတစ်ခုကိုပုံအပ်မိ
မိုးသားကောင်းကင် မြေကြီးရဲ့ကြားက
ရှိရှိသမျှအရာ အကုန်တိုင်တည်ပြီးပြောမယ်
အလေးနက်ဆုံးဒီစကား အရိုးရှင်းဆုံးပါပဲ
မင်းတစ်ယောက်တည်း ငါချစ်မိပြီ
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တစ်ခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေးအချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးထိ ယုံထားလိုက်
မင်းတစ်ယောက်တည်းပါပဲ
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တစ်ခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေးအချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးထိ ယုံထားလိုက်
မင်းကတစ်ဦးတည်းသော ငါ့ချစ်သူ
မင်းကတစ်ဦးတည်းသော..
မင်းကတစ်ဦးတည်းသော......
တစ်ကယ်ကိုတစ်ဦးတည်းသော....
ငါ့ချစ်သူ...