menu-iconlogo
huatong
huatong
avatar

သိပ်ချစ်လွန်းလို့ပါ

ခင်စုစုနိုင်huatong
mstrn38huatong
Lyrics
Recordings
သီချင်း - သိပ်ချစ်လွန်းလို့ပါ

တေးဆို - ခင်စုစုနိုင်

အပြင်မှာမတွေ့တဲ့နေ့တိုင်း

ခဏခဏဘာကြောင့် မင်းဖုန်းငါခေါ်ရလဲ

ဒါကိုနင်သိရက်နဲ့များ ဘာကြောင့်မင်းဒေါသထွက်နေတာလဲ

ဘယ်ကိုသွားခဲ့တာလဲ ဘယ်သူနဲ့သွားခဲ့တာလဲ

ဘာကြောင့်ခဏခဏငါမေးသလဲ

ဒါကိုနင်သိရက်နဲ့များ ဘာကြောင့်မင်းစိတ်ညစ်ပြီးတော့သွားလဲ

ဘာကြောင့်များ ငါမေးရသလဲ… ဒါ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ဖြစ်တဲ့ပြသနာတွေပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ခဏခဏစကားများရတာ

ခဏခဏစိတ်ကောက်ရတာအမောပါပဲ

မယုံကြည်တာမျိုးလည်းရင်မှာမရှိပဲနဲ့

အကြိမ်ကြိမ်ဘာကြောင့်ငါမေးရသလဲ

အဖြေဟာရှင်းရှင်းလေး သိပ်ချစ်လွန်းလို့ဖြစ်တာပဲ

သန်းခေါင်ယံညနက်ချိန်ထိ Facebook မှာမင်း Active ဆိုတာချည်းပဲ

သဝန်တိုစိတ်ကောက်ကြရင်းနဲ့ မောပြီးအိပ်လို့သွားတာပါပဲ

တကယ်ဆိုစဉ်းစားကြည့်စမ်းဘာကြောင့်ဒိုနှစ်ဦး

ခဏခဏရန်တွေဖြစ်သလဲ

ဒီလူသန်း၆ဝထဲမင်းကတစ်ဦးတည်းသောငါချစ်သူ

ဒါပဲလေ ဘယ်သူငြင်းနိုင်မှာလဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ဖြစ်တဲ့ပြသနာတွေပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ခဏခဏစကားများရတာ

ခဏခဏစိတ်ကောက်ရတာအမောပါပဲ

မယုံကြည်တာမျိုးလည်းရင်မှာမရှိပဲနဲ့

အကြိမ်ကြိမ်ဘာကြောင့်ငါမေးရသလဲ

အဖြေဟာရှင်းရှင်းလေး သိပ်ချစ်လွန်းလို့ဖြစ်တာပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ဖြစ်တဲ့ပြသနာတွေပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ခဏခဏစကားများရတာ

ခဏခဏစိတ်ကောက်ရတာအမောပါပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ဖြစ်တဲ့ပြသနာတွေပဲ

သိပ်ချစ်လွန်းလို့ပေါ့ကွာ… ခဏခဏစကားများရတာ

ခဏခဏစိတ်ကောက်ရတာအမောပါပဲ

မယုံကြည်တာမျိုးလည်းရင်မှာမရှိပဲနဲ့

အကြိမ်ကြိမ်ဘာကြောင့်ငါမေးရသလဲ

အဖြေဟာရှင်းရှင်းလေး သိပ်ချစ်လွန်းလို့ဖြစ်တာပဲ

More From ခင်စုစုနိုင်

See alllogo