သီချင်း - သို့… အချစ်များစွာဖြင့်
တေးဆို - ခင်စုစုနိုင်
စာအုပ်ဟောင်းလေးတစ်ခုထဲ အခါခါငါရေးမှတ်နေဆဲ
မှတ်ဉာဏ်တွေရယ် ကံတရားလှည့်ကွယ်ရယ်
ဘာကိုမှရုန်းမထွက်နိုင်ဘဲ တခြားသူရင်ခွင်ထဲ
Why I’m feeling so blue?
ရင်မှာခံစားချက်များ သေဆုံးသွားတဲ့အခါ
အသက်မဲ့သွားတဲ့အပြုံးတွေနဲ့ Happy Ending ဖြစ်မလာခဲ့ဖူး
တကယ်ဆုံမလိုနဲ့ အလိုလိုကွဲကွာသွားတယ် မင်းဆီစာရေးခဲ့
နွေမိုးဆောင်းပြောင်းနေတယ်ကြင်နာသူ
နင်မရှိတဲ့နေ့စွဲတွေ တစ်ရက်ဆီကျော်လာတယ်
နင်မဟုတ်ဘဲတခြားသူရဲ့ရင်ခွင်ထဲ
ဟန်ဆောင်ပေးထားတဲ့အချစ်တွေ တစ်စစီဖျက်ဆီးပစ်ချင်တယ်
ချစ်ခြင်းမရှိတော့တဲ့ အပြာရောင်ခံစားချက်တွေနဲ့
အသက်ရှင်နေဆဲ မပျော်ဘူး တစိမ်းလူရဲ့ရီသံတွေကြားထဲကြိတ်ငိုမိတယ်
Baby Once upon a time
တစ်ချိန်က ထာဝရကတိများ အိုပျောက်သွားတဲ့အခါ
သက်တံများလည်း မရှိတော့ဘူး Happy Ending ဖြစ်မလာဖူး