သီချင်း - အရင်လိုအရင်အတိုင်း
တေးဆို - ခင်စုစုနိုင်
မေ့လိုက်ရမလား လွမ်းလိုက်ရမလား
ရင်ထဲမှာ လှိုက်ဖိုယစ်မူး
ဖြတ်တောက်မရနိုင် အသည်းထဲထိတိုးဝင်သွား
ဒီနှောင်ကြိုးလေးတွေ
ထားဖူးတဲ့ဂတိတွေမေ့နေလား ဟိုအရင်ကလိုထားလား
တိတ်ဆိတ်စွာအချစ်တွေကို မေ့သွားမလား
ဟိုအရင်လို အလွမ်းနဲ့ည
နှလုံးသားကို ဖဲ့ခြွေတဲ့နေ့တွေ
မင်းနဲ့ငါနဲ့ ရင်ခုန်နေဆဲပဲ မင်းနဲ့ငါနဲ့
အရင်အတိုင်းလိုပဲ ရင်ခုန်စေမယ့်အချစ်ရဲ့နေ့ရက်များ
နှလုံးသားကို စတေးခံချစ်သွားမလား
သူငယ်ချင်းအတိတ်နဲ့ ဆက်ချစ်မလား
ဟိုအရင်လိုအတိုင်းပဲ တို့နှစ်ယောက်အကြင်နာဟာဟာ
ခိုင်မြဲတဲ့အချစ်တွေလား ...
ရင်ထဲဝင်စူး အဆိပ်ဆူးလိုပဲ
တဖြည်းဖြည်းချင်း ပဲ့ပျက်ခြွေမှာလား
အချစ်ရဲ့မနက်ဖြန် ရင်ခုန်သံခြင်းဆုံလိုက်
ကြွေနေတာ လွမ်းလိုက်တာ
ထားဖူးတဲ့ဂတိတွေမေ့နေလား ဟိုအရင်ကလိုခြားနား
တိတ်ဆိတ်စွာအချစ်တွေကို မေ့သွားမလား
ဟိုအရင်လို အလွမ်းနဲ့ည
နှလုံးသားကို ဖဲ့ခြွေတဲ့နေ့တွေ
မင်းနဲ့ငါနဲ့ ရင်ခုန်နေဆဲပဲ မင်းနဲ့ငါနဲ့
အရင်အတိုင်းလိုပဲ ရင်ခုန်စေမယ့်အချစ်ရဲ့နေ့ရက်များ ဟိုး ...
နှလုံးသားကို ဖဲ့ခြွေတဲ့နေ့တွေ
မင်းနဲ့ငါနဲ့ ရင်ခုန်နေဆဲပဲ မင်းနဲ့ငါနဲ့
အရင်အတိုင်းလိုပဲ ရင်ခုန်စေမယ့်အချစ်ရဲ့နေ့ရက်များ
နှလုံးသားကို ဖဲ့ခြွေတဲ့နေ့များ
ရင်ခုန်တဲ့စည်းချက်များ ပျက်နေမလား
ဟိုအရင်လိုတို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးထား
ခိုင်မြဲတဲ့အချစ်တွေနဲ့ ..... ဟိုး ...