အိုမောင်ဒီ
ခင်ဝမ်း
0း 22
အို မောင်ဒီ
ခင်ဗျားနဲ့ ကျွန်တော်
လမ်းကြို လမ်းကြား
လျှောက်သွား ခဲ့တုန်းက
အကြောင်း တွေ
သတိ ရမိတယ်
မြင်ခဲ့ရသမျှ လောကရဲ့အလှအပ
ခင်ဗျား ထွင်းဖေါက်ယူခဲ့ပုံ
အို မောင်ဒီ
ခင်ဗျားနဲ့ ကျွန်တော်
လမ်းဘေးက ကော်ဖ်ီဆိုင်
ထိုင်ခဲ့တုန်းက အကြောင်းတွေ
အမှတ် ရမိတယ်
လူတစ်ယောက်ရဲ့ဘဝ ဖြတ်သန်းနိုင်သမျှ
ခင်ဗျား ရယူခဲ့တာ
အို မောင်ဒီ
ခင်ဗျားနဲ့ ကျွန်တော်
လောက ထဲကို
ဖြတ်သန်းခဲ့တုန်းက အကြောင်းတွေ
လွမ်း ဆွတ်မိတယ်
တွေ့ကြုံခဲ့ကြ ခံစားခဲ့ကြ
ခင်ဗျား စိတ်တည်ငြိမ်ခဲ့ပုံ
By AyeKyaw greentiger