သီချင်း : ပန်းချစ်သူ၂
တေးဆို : ခင်မောင်တိုး
လေပြေညင်းရယ်ငြိမ်သက်ဆဲညမှာ
အသာယာတိုးလို့တိုက်ခတ်နေ
သင်းပျံ့မွှေးတဲ့ပန်းရနံ့တွေဆောင်ယူသယ်လာလေညင်းရေ
ပန်းချစ်သူတို့လက်နဲ့ကွယ်ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင်ယုယစွာထွေးပွေ့ထားပါ့မယ်
အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ်
အိုလေပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ပန်းချစ်သူကိုယ်တိုင်ချူကာဆွတ်ခူူးမယ်
ပန်းချစ်သူတို့လက်နဲ့ကွယ်ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင်ယုယစွာထွေးပွေ့ထားပါ့မယ်
အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ်
အိုလေပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ပန်းချစ်သူကိုယ်တိုင်ချူကာဆွတ်ခူူးမယ်