ဝတ်မှုန်
တေးဆို ခင်မောင်တိုး
တေးသွားချို သီကာကျူးတဲ့
ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောလိုက်တယ်
လောကရဲ့ အလွအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့
ပန်းချစ်သူပျားက ပြုံးတယ်
တောက်ပတဲ့ အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို
ဝတ်မှုံရယ် နင်နဲ့နှိုင်းရင်
ရူံးကြမှာပဲ
ရင်ထဲရှိ ရှိသမျှ
ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ
အလှမပျက်အောင်
ဆုတောင်းမယ်
ပန်းကလေးရယ်
သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်
မိုးကောင်းကင် ကြည်ပြာအောက်မှာ
ကောင်းခြင်းတွေ ပေါင်းစုစည်းကာ
သူ့ထက်ပိုကဲလှသူ
ရှိတော့ဖြင့်ရှိလိမ့်မယ်
အေးမြတဲ့ အပြုံးပိုင်ရှင်ရယ်
တောင်းဆုတွေ ပြည့်ဝခဲ့သူ
နူးညံတဲ့ နှလုံးသားနဲ့အတူ
စွဲမက်ဖွယ် စကားနဲ့ဆင့်ကာ
တုယှဉ်ပြိုင် လာလို့နိူင်းရင်
ရှုံးကြမှာပဲ
ရင်ထဲရှိ ရှိသမျှပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့
ချူချင်သူတွေ လက်ထဲမှာ
အလှမပြက်အောင်
ဆုတောင်းမယ်
မိန်းကလေးရယ်
ပန်းကလေးလို လှတဲ့ချစ်သူရယ်
တေးသွားချို သီကာကျူးတဲ့
ကျေးငှက်တို့ လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောကြတယ်
လောကရဲ့ အလွအပဟာ
တို့ပွင့်မှပြည့်စုံတာတဲ့
ပန်းချစ်သူ ပျားကပြုံးတယ်
တောက်ပတဲ့ အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို
ဝတ်မူန်ရယ် နင်နဲ့နိူင်းရင်
ရူံးကြမှာပဲ
ရင်ထဲရှိရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်
လှရက်လို့ ခြူလိုသူတွေလက်ထဲမှာ
အလှမပျက်အောင် ဆုတောင်းတယ်
ပန်းကလေးရယ်
သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်