စက်ခေါင်းအမှတ် ၀၀၉ .. ခင်မောင်ထူး
မှောင်မိုက်မဲ ညတစ်ညမှာ
ကြယ်တွေမလင်း ကင်းမဲ့ကာ
ငွေလမင်းလည်း ထို့အတူမပေါ်လာ
ဒါပေမယ့် ရထားစက်ဆရာ
တာဝန်အရ ခရီးထွက်လာ
ညင်သာစကားလေးနဲ့
အချစ်လေး ခွန်းတုန့်ရှာ
မီးခိုးတွေ တစ်လူလူလိမ့်တက်ခါ
ရထားလမ်းခရီးမှာ တောင်စဉ်အသွယ်သွယ်
ကွေ့ဝိုက်ရင်းဖြတ်ကျော်လာ ရင်ဝယ်
ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မြူးသူ့မျက်နှာ
အိမ်ပြန်ရောက်ရင် ချစ်သူကလေးလက်ဆက်မှာ
မကြာခင်ပဲလမ်းခရီးမှာ
တောင်ပြိုပြီးကျရောက်လာ
မှောင်မိုက်မဲမူးကြောင့် ရော်ယမ်းမှန်းကာ
တကယ်ကြေကွဲဝမ်းနည်းစရာ
လူတွေဘုရားဘုရားနဲ့သာ အုံကာဝိုင်းဝန်းလို့
ရင်ဖိကြည့်ကြရှာ
မိုးနဲ့လေဒဏ်ကြောင့်လား ရထားမှာ
တအားတိမ်းမှောက်ခါ မမျှော်လင့်ပဲနဲ့ကွာ
သူ့ခမျာ ထိုစဉ်ရထားပျက်အောက်မှာ
မြင်ကာမကွဲပြားနဲ့သာ အချစ်ဦးလေးအတွက်
အမှာစကားပဲ ဖြစ်မှာ
မြို့ရဲ့အစွန် တစ်နေရာမှာ
ချစ်သူနှစ်ဦး တို့အတွက်ပါ
အိမ်ယာသစ်ကလေးတစ်ခု
အသင့်ရှိပြီကွာ ဒါပေမယ့်
မင်းတစ်ယောက်သာ နေပါတော့
ချစ်သက်လျာ နောင်ခါဘဝကြမှ
ဆုံဆည်းတော့မပေါ့ကွာ
THANK ALL
myanmar music