menu-iconlogo
huatong
huatong
avatar

တစ်ဆောင်းသစ်ပြန်ပြီ

ချိုပြုံးhuatong
🕊ရဲနိုင်🕊🇲🇲huatong
Lyrics
Recordings
တစ်ဆောင်းသစ်ပြန်ပြီ

ချိုပြုံး

မှုန် ပြာ ရီ .....

ရာသီတွေ ပြောင်း ..

တစ်ဆောင်း သစ်ပြန်လေပြီ

ငွေနှင်းမှုန်မှုန် သုန်သုန်လေမြူး

ဟေမာန်ဦး .. ကူး .. ခဲ့ပြီ

မှုန် ပြာ ရီ ....

ရာသီတွေ ပြောင်း ..

တစ်ဆောင်း သစ်ပြန်လေပြီ

ငွေနှင်းမှုန်မှုန် သုန်သုန်လေမြူး

ဟေမာန်ဦး .. ကူး .. ခဲ့ပြီ ..။

ခွာပြာညို ..

သဇင်ပွင့်ရယ် တို့

အဆင့်ဆင့် အစီအရီ

ပွင့်ရှာ ကြပြီ

အခွင့်ရယ် မသာသည် ..

ဗျာပါ စိတ်ပန်း

တမ်းတ မှန်းဆ

နွမ်းလျ ဖြေမဆည်

လွမ်း . လွမ်းလှပါပြီ

နေနိုင်တော် မူအား ..

သနား .. မညှာ သည် ..။

မကြံသာ ..

ကံကြမ္မာငယ် မှေး

ငိုရေးဖြင့် ကြုံရရှာပြီ

ဝဋ်ကြွေးက မပြေလည်သည်

သွေဖယ် တော် မူအား ...

ခုများဖြင့် အသည်းကြွေပြီ

သြော် .. ခုများဖြင့်

အသည်းက ကြွေပြီ

လွဲသွေဖည် ရှောင်တိမ်း . တိမ်း ..။

စိမ်းမြမြ စိမ်းရက်သည်

မသက်ညှာသူ ကြီးရဲ့

ရတက်ဖြင့် ပွေရပြီ ....

ချစ်ကံငယ်

ခေလွန်းသူ မတော့

စိတ်နောက် ဗျာပါကြွယ်

မဖြေသာ သည် ...

ဆောင်းဝတ်လွှာ ပွင့်ပန်းနဲ့

ငွေနှင်းမှုန် တွေ့လေတိုင်း

သောက မုန်တိုင်းက

ကိုယ့်အပေါ် ဖိစီးကြလေပြီ။

စိမ်းမြမြ စိမ်းရက်သည်

မသက်ညှာသူ ကြီးရဲ့

ရတက်ဖြင့် ပွေရပြီ ...

ချစ်ကံငယ်

ခေလွန်းသူ မတော့

စိတ်နောက် ဗျာပါကြွယ်

မဖြေသာ သည် ...

ဆောင်းဝတ်လွှာ ပွင့်ပန်းနဲ့

ငွေနှင်းမှုန် တွေ့လေတိုင်း

သောက မုန်တိုင်းက

ကိုယ့်အပေါ် ဖိစီးကြလေပြီ။

ကျေးဇူးတင်ပါတယ်

More From ချိုပြုံး

See alllogo