တစ်မြို့စီခြားပေမယ့်
ငယ်ကချစ်သူ သူ့ကိုသာလေ
ကျန်းမာတော်မူပါစ
လေလှိုင်းကြားက
ခွန်ဆင့်ပါရဲ့ဆွေ
ချစ်သူမောင်ရေ
ချစ်သူမောင်ရေ
ငယ်စဉ်အခါတုန်းကလေ
တောရွာတောဓလေ့
တို့တွေအတူနေ
အခုများတော့တစ်ပြည်ခြား
မေ့အားနိုင်ရက်ပေ
မောင့်အပေါ်ချစ်တာတစ်ခုထဲ
သိတယ်လေ
မေတ္တာအင်္သချေ
ဝေးတစ်မြေခြားသူ မောင်ရေ
ပိတောက်ပန်းတွေ
ပင်ယံနန်းဝေ လျှမ်းပနေ
ငယ်ချစ်ဆွေရေ
နေနိုင်တော်မူအားရက်ပေ
အတိတ်ကမ္ဘာမြေ တွေး
တွေးလျှင်ဖြင့်လေ
တို့ငယ်စဉ်တုန်းကအခြေ
ပိတောက်တွေပွင့်လျှင်လေ
လွမ်းသလို
ဆွေးသလိုပါ မောင်ရေ
အချစ်ကြီးသူများရဲ့
ဘဝတာလမ်းတစ်လျှောက်မြေ
ပန်းပိတောက်တွေကြွေပြီလေ
ဂိန်မာန်နွေကူးပြီမို့လေ
တစ်နှစ်ကူးပေမယ့်
အချစ်ဦးမောင့်ကို
စောင့်ကြိုနေတယ်လေ
ဝေးတစ်မြေခြားသူမောင်ရေ
ဌာနေဟောင်းကို
နှစ်တွေ လတွေ
ပြောင်းစေဦးကွယ့်လေ
မမေ့ကောင်းစရာ
အကြောင်းရယ်ဖန်လာပေ
ရပ်ဝေးနေ ပျို့ငယ်ချစ်ဆွေ
နောင်လည်းတွေ့နိုင်ပါပေ
ပိတောက်တွေ ရွှေရည်လူး
ဖူးပွင့်ရာမြေ
ကြည်နူးရည်စူးမိပါပေ
ဝေးတစ်မြေခြားသူမောင်ရေ
ပိတောက်ပန်းတွေ
ပင်ယံနန်းဝေ လျှမ်းပနေ
ငယ်ချစ်ဆွေရေ
နေနိုင်တော်မူအားရက်ပေ
အတိတ်ကမ္ဘာမြေ တွေး
တွေးလျှင်ဖြင့်လေ
တို့ငယ်စဉ်တုန်းကအခြေ
ပိတောက်တွေပွင့်လျှင်လေ
လွမ်းသလို
ဆွေးသလိုပါ မောင်ရေ
အချစ်ကြီးသူများရဲ့
ဘဝတာလမ်းတစ်လျှောက်မြေ
ပန်းပိတောက်တွေကြွေပြီလေ
ဂိန်မာန်နွေကူးပြီမို့လေ
တစ်နှစ်ကူးပေမယ့်
အချစ်ဦးမောင့်ကို
စောင့်ကြိုနေတယ်လေ
ဝေးတစ်မြေခြားသူမောင်ရေ
ဌာနေဟောင်းကို
နှစ်တွေ လတွေ
ပြောင်းစေဦးကွယ့်လေ
မမေ့ကောင်းစရာ
အကြောင်းရယ်ဖန်လာပေ
ရပ်ဝေးနေ ပျို့ငယ်ချစ်ဆွေ
နောင်လည်းတွေ့နိုင်ပါပေ
ပိတောက်တွေ ရွှေရည်လူး
ဖူးပွင့်ရာမြေ
ကြည်နူးရည်စူးမိပါပေ
ဝေးတစ်မြေခြားသူမောင်ရေ...
?ကျေးဇူးတင်ပါတယ်?