တိမ်ပပလီနွေနှောင်း
ချိုပြုံး
#&•°KO•°KO•°#&
~~Tha Pyay Family~~
ညိုမှောင်........
ဖြူပြာ..........
စိမ်း...တချို့ နီတထွေ
ဝါရွှေ.... နုသွေး.....
ပန်းရင့်ခရမ်း ဆန်းထွေသည့်
တိမ်ပလီ..... တိမ်ပလီ....
ပန်းနှယ်ယိုးမှား ပန်ချင့်ပန်ချင်ဖွယ်....
အိုဘယ့်တိမ်ပလီ
ပြိုမယောင်နဲ့ ယိမ်း သိမ်းတယ်
တိမ်းမလိုနဲ့ စိမ်း စိမ်းတယ်
စိမ်းရင့်ရင့် စိမ်းရက်လေတယ်
ပန်းချစ်သူကျွမ်း ရင်ပူစေအောင်လည်း
နှောင်းနွေကကူ ကျီစယ်ကလူ...
မြူဟန်နွဲ့ပြောင်း
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း......
မိန့်ဆိုခဲ့အုံးလေ...
လှမ်းရှေ့ဆက်ရမှာလား
နေကျန်ခဲ့ရမှာလားကွယ်
တိမ်ပလီနွေနှောင်း ...
တိမ်ပလီနွေနှောင်း.......
အရိပ်ပုံတွေ ပြောင်းတတ်သူ
ကမ္ဘာတစ်ဖက်မှာ
မျက်နှာမျက်နှာအသစ်နဲ့
ပစ်ခွာမပြေးမီနေပါအုံး
ပြောပါရစေအုံးကွယ်....
တုံးခု၍မယူနိုင်သူကို
မမှီတဲ့မမှီတဲ့အရပ်က
ရွှေလက်ဖြင့်ကမ်းလည်း
လမ်းမမီနိုင်တောဘူးလေ....
လိုချင်သူကိုမှ
မနိုင်တဲ့ဈေးကို ဆိုသူရယ်
နှစ်၍ယုံတာ ချစ်လို့ပါကွယ်
ယုံလို့ပုံ၍ချစ်တာ ရိုးသားတာပါပဲ
အရောင်ရှိလည်း အရိပ်မထင်သူ
အဆင်းရှိလည်း.....
မွှေးရနံ့မကြူလေသူရေ
အိုဘယ့် တိမ်ပလီ....
ပြိုမယောင်နဲ့ ယိမ်း ယိမ်းတယ်
တိမ်းမလိုနဲ့ စိမ်း စိမ်းတယ်
စိမ်းရင့်ရင့် စိမ်းရက်လေတယ်
ပန်းချစ်သူကျွမ်း ရင်ပူစေအောင်လည်း
နှောင်းနွေကကူ ကျီစယ်ကလူ
မြူဟန်နွဲ့ပြောင်း
တိမ်ပလီနွေနှောင်း......
တိမ်ပလီနွေနှောင်း.....
တိမ်ပလီနွေနှောင်း.......
#&•°KO•°KO•°#&
~~Tha Pyay Family~~
မိန့်ဆိုခဲ့အုံးလေ
လှမ်းရှေ့ဆက်ရမှာလား
နေကျန်ခဲ့ရမှာလားကွယ်
တိမ်ပလီနွေနှောင်း..
တိမ်ပလီနွေနှောင်း........
အရိပ်ပုံတွေ ပြောင်းတတ်သူ
ကမ္ဘာတစ်ဖက်မှာ
မျက်နှာမျက်နှာအသစ်နဲ့
ပစ်ခွာမပြေးမီနေပါအုံး
ပြောပါရစေအုံးကွယ်
တုံးခု၍မယူနိုင်သူကို
မမီတဲ့မမီတဲ့အရပ်က
ရွှေလက်ဖြင့်ကမ်းလည်း
လှမ်းမမီနိုင်တော့ဘူးလေ....
လိုချင်သူကိုမှ
မနိုင်တဲ့ဈေးကို ဆိုသူရယ်
နှစ်၍ယုံတာ ချစ်လို့ပါကွယ်
ယုံလို့ပုံ၍ချစ်တာ ရိုးသားတာပါပဲ
အရောင်ရှိလည်း အရိပ်မထင်သူ
အဆင်းရှိလည်း .....
မွှေးရနံ့မကြူလေသူရေ
အိုဘယ့် တိမ်ပလီ
ပြိုမယောင်နဲ့ ယိမ်း သိမ်းတယ်
တိမ်းမလိုနဲ့ စိမ်း စိမ်းတယ်
စိမ်းရင့်ရင့် စိမ်းရက်လေတယ်
ပန်းချစ်သူကျွမ်း .....
ရင်ပူစေအောင်လည်း
နှောင်းနွေကကူ ကျီစယ်ကလူ
မြူဟန်နွဲ့ပြောင်း
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း.......
ညိုမှောင်... ဖြူပြာ....
စိမ်း...တချို့နီတထွေ....
ဝါရွှေ.....နုသွေး.....
ပန်းရင့်ခရမ်း ဆန်းထွေသည့်
တိမ်ပလီ....တိမ်ပလီ....
ပန်းနှယ်ယိုးမှား ပန်ချင့်ပန်ချင်ဖွယ်
အိုဘယ့်တိမ်ပလီ
ပြိုမယောင်နဲ ယိမ်း သိမ်းတယ်
တိမ်းမလိုနဲ့ စိမ်း စိမ်းတယ်
စိမ်းရင့်ရင့် စိမ်းရက်လေတယ်
ပန်းချစ်သူကျွမ်း ရင်ပူစေအောင်လည်း
နှောင်းနွေကကူ ကျီစယ်ကလူ...
မြူဟန်နွဲ့ပြောင်း
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း....
တိမ်ပလီနွေနှောင်း......
#&•°KO•°KO•°#&
~~Tha Pyay Family~~