လေပြေလေးတွေ တိုက်ခတ်
ရောင်စုံပန်းတွေ ဖူးပွင့်
သံစဥ်လေးတွေပျံ့လွင့် လေလှိုင်းထဲ
ရင်တွေတထိတ်ထိတ် ခုန်ဆဲ
အကြင်နာအကြည့်တွေ ဆုံတိုင်း
အရာရာတိုင်းဟာ လှပ
အို..အချစ်ကြောင့်..
မင်္ဂလာအချိန်ဝယ် ရောက်ရှိခဲ့ပြီ
ဘုရားရှေ့လူရှေ့ ကတ်ိသစ္စာထားကာ
အချစ်ဆုံးရေ.. နင်ဟာကိုယ့်အတွက်
ဘုရားသခင်ပေးတဲ့ ဆုလာဒ်တစ်ခုပဲ...
ဆုံစည်းခွင့်ပေးတဲ့ ဘုရားသခင်အား
ရင်ထဲက ကျေးဇူးတင်တယ်
ဘယ်တော့မှ သစ္စာမပျက်ဘူးနော်
ခိုင်မြဲသော အချစ်တွေနဲ့
ကုန်ဆုံးလို့မသွားတဲ့ မေတ္တာနဲ့
ဝန်ခံပါတယ် နင်တစ်ယောက်ကိုပဲ
သက်ဆုံးထိ ချစ်ပါ့မယ်
ဒီကမ္ဘာမှာ မင်းပဲ ကြင်နာသူလေး သိပါစေ...
လေပြေလေးတွေ တိုက်ခတ်
ရောင်စုံပန်းတွေ ဖူးပွင့်
သံစဥ်လေးတွေပျံ့လွင့် လေလှိုင်းထဲ
ရင်တွေတထိတ်ထိတ် ခုန်ဆဲ
အကြင်နာအကြည့်တွေ ဆုံတိုင်း
အရာရာတိုင်းဟာ လှပ
အို..အချစ်ကြောင့်..
မင်္ဂလာအချိန်ဝယ် ရောက်ရှိခဲ့ပြီ
ဘုရားရှေ့လူရှေ့ ကတ်ိသစ္စာထားကာ
အချစ်ဆုံးရေ.. နင်ဟာကိုယ့်အတွက်
ဘုရားသခင်ပေးတဲ့ ဆုလာဒ်တစ်ခုပဲ...
ဟိုး..ဟိုး..ဟို..
ဆုံစည်းခွင့်ပေးတဲ့ ဘုရားသခင်အား
ရင်ထဲက ကျေးဇူးတင်တယ်
ဘယ်တော့မှ သစ္စာမပျက်ဘူးနော်
ခိုင်မြဲသော အချစ်တွေပေး
ကုန်ဆုံးလို့မသွားတဲ့ မေတ္တာနဲ့
ဝန်ခံပါတယ် နင်တစ်ယောက်ကိုပဲ
သက်ဆုံးထိ ချစ်ပါ့မယ်
ဒီကမ္ဘာမှာ မင်းပဲ ကြင်နာသူလေး သိပါစေ...
ဆုံစည်းခွင့်ပေးတဲ့ ဘုရားသခင်အား
ရင်ထဲက ကျေးဇူးတင်တယ်
ဘယ်တော့မှ သစ္စာမပျက်ဘူးနော်
ခိုင်မြဲသော အချစ်တွေနဲ့
ကုန်ဆုံးလို့မသွားတဲ့ မေတ္တာနဲ့
ဝန်ခံပါတယ် နင်တစ်ယောက်ကိုပဲ
သက်ဆုံးထိ ချစ်ပါ့မယ်
ဒီကမ္ဘာမှာ မင်းပဲ ကြင်နာသူလေး သိပါစေ...
သက်ဆုံးထိ ချစ်ပါ့မယ်
ဒီကမ္ဘာမှာ မင်းပဲ
ကြင်နာသူလေး ..သိပါ..စေ...