ရှိစေတော့မောင့်ကို
ခွန်သန်းထွန်း
[A]ချစ်ကံအရေးမလှလို့ လမ်းခွဲသူတွေအတွက်
ကိုယ့်ခံစားချက်အလွမ်းတေးလေးရယ်
ဘဝကိုယ်စားပြု ဆွေးရတုသဏ္ဌာန်ပီခဲ့ရင်
ဖြေမဆည်တဲ့ အဆွေးလည်း ဆွေးပျော်ပါပြီ
[B]ချစ်သူတိုင်းပဲ အချစ်နဲ့အဆင်ပြေလို့
အမုန်းဆိုစကားများ ကင်းဝေးကြပါစေလေ
ကိုယ့်ဆုတောင်းလေးပြည့်ရင် ကျေနပ်တယ်
ကြင်ဖော်ဝေး အလွမ်းငှက်ရှိပါစေတော့
မောင့်လိုလူမှာကွယ်
[A]နုပျိုနှလုံးသား အလှအပ ခုံမင်လို့
အချစ်နယ်ခရီး လမ်းလျှောက်ခဲ့ အတိတ်မှာကွယ်
အသည်းနာ အဆွေးသမားအဖြစ် နွေလည်အကျည်းတန်
မယူချင်တဲ့ အလွမ်းဘွဲ့ရလေပြီမေ
[B]ချစ်စရာတွေ့လို့ရယ် ချစ်ဖို့ဟန်ပြင်တုန်း
နှောင်းလူဖြစ်လို့ကွယ် နောက်လှည့်ရပြန်တယ်
တစ်နေ့မှာတွေ့ရမယ့် ကြင်ဖော်လေးကို
မျှော်လင့်ရင်း အလွမ်းသမားဖြစ်နေဆဲ
မောင့်လိုလူမှာကွယ်
Music..
[B]ချစ်ကံအရေးမလှလို့ လမ်းခွဲသူတွေအတွက်
ကိုယ့်ခံစားချက်အလွမ်းတေးလေးရယ်
ဘဝကိုယ်စားပြု ဆွေးရတုသဏ္ဌာန်ပီခဲ့ရင်
ဖြေမဆည်တဲ့ အဆွေးလည်း ဆွေးပျော်ပါပြီ
[A]ချစ်သူတိုင်းပဲ အချစ်နဲ့အဆင်ပြေလို့
အမုန်းဆိုစကားများ ကင်းဝေးကြပါစေလေ
ကိုယ့်ဆုတောင်းလေးပြည့်ရင် ကျေနပ်တယ်
ကြင်ဖော်ဝေး အလွမ်းငှက်ရှိပါစေတော့
မောင့်လိုလူမှာကွယ်
[B]နုပျိုနှလုံးသား အလှအပ ခုံမင်လို့
အချစ်နယ်ခရီး ကြမ်းလျှောက်ခဲ့ အတိတ်မှာလေ
အသည်းနာ အဆွေးသမားအဖြစ် နွေလည်အကျည်းတန်
မယူချင်တဲ့ အလွမ်းဘွဲ့ရလေပြီမေ
[A]ချစ်စရာတွေ့လို့ရယ် ချစ်ဖို့ဟန်ပြင်တုန်း
နှောင်းလူဖြစ်လို့ကွယ် နောက်လှည့်ရပြန်တယ်
တစ်နေ့မှာတွေ့ရမယ့် ကြင်ဖော်လေးကို
မျှော်လင့်ရင်း အလွမ်းသမားဖြစ်နေဆဲ
မောင့်လိုလူမှာကွယ်
[B]မျှော်လင့်ရင်း အလွမ်းသမားဖြစ်နေဆဲ
မောင့်လိုလူမှာကွယ်
[A]မျှော်လင့်ရင်း အလွမ်းသမားဖြစ်နေဆဲ
မောင့်လိုလူမှာကွယ်
hlaingmyo19