ဝေဒနာအလင်းရှင်
ခွန်သန်းထွန်း
Uploader LaySoe
🚹🚹🚹🚹🚹
ငွေလမင်းရယ်
ရွှန်းမြမြသာ
တိမ်ဝဠာကင်းစင်
မိုးမြင့်ရဲ့အလယ်
အမှောင်ကို ဖြတ်ကျော်
လောကညကို
သာယာအလင်းငယ်
ပေးဆပ်နေ အခုညမှ ဪ . . .
ဝေဒနာအဆွေးရှိသူ မောင့်ကို
အလည်လွန်းခိုင်းပေါ့ အတိတ်ကမ္ဘာ ဆီကို
မပီပြင်တော့တဲ့ နှောင်းအိပ်မက်တွေ
အလိုလိုသတိရမျက်ရည် လည်နေ
🚹🚹🚹
ငယ်ရွယ်နုပျို
ကလေးဘဝကဆို
ယုန်နဲ့အဖိုးအိုကို
အဟုတ်မှတ်လို့ကွယ်
ရွှေလင်ပန်းမှာ
ထမင်း ထည့်ပေးပါ
အော်ကာဟစ်ကာ တောင်းကြတာ
သတိရတယ်လေ
အပူအပင်ကင်းတဲ့ တို့တစ်တွေကလေးအရွယ်
သည်လိုလှပတဲ့ ညအခါဆိုရင်
ဆူညံဝိုင်းဝန်းလို့ ကစားပျော်ကြတာ
မြင်ယောင်ကြားမိတော့ အလွမ်းရယ် မပြေနိုင်
🎸🎹Uploader LaySoe🎹🎸
🚹🚹🚹
ငွေလမင်းရယ်
ရွှန်းမြမြသာ
တိမ်ဝဠာကင်းစင်
မိုးမြင့်ရဲ့အလယ်
အမှောင်ကို ခွင်းကာ
လောကညကို
သာယာအလင်းငယ်
ပေးဆပ်နေ အခုညမှ ဪ . . .
ဝေဒနာအဆွေးရှိသူ မောင့်ကို
အလည်လွန်းခိုင်းပေါ့ အတိတ်ကမ္ဘာ ဆီကို
မပီပြင်တော့တဲ့ နှောင်းအိပ်မက်တွေ
အလိုလိုသတိရ မျက်ရည် လည်နေ
ကျေးဇူးတင်ပါတယ်(လေးစိုး)