နွေဆိုး
ခွန်သန်းထွန်း
ပျော်ရွှင်နေတဲ့
တို့အပြုံးရက်တွေ
မကြာခင်မှာပဲ
အဆုံးသတ်တော့မယ်
ညီအစ်ကိုလိုနေလာတဲ့
အပေါင်းအသင်းတွေ
အချိန်တန်အိမ်ပြန်လို့လေ
လမ်းခွဲတော့မယ်
ကျောင်းတော်ကြီးဟာ တို့ကို
နှင်နေပြီလေ
ကြင်ဖော်တွေမကြည်နူး
ဆွေးပေါ့ကွယ်
ငိုသံတွေပရဝုဏ်ထဲ
လွမ်းပေါ့ဟယ်
အချိန်ရယ်ကုန်လွယ်မှန်းကိုယ်
အခုမှသိတယ်
အတူနေစဉ်မခေါ်တဲ့ အို
စိတ်ကောက်ရက်ကို
ပြန်လည်ပြီးလေ သိပ်ကို
နှမြောလိုက်တာ
ဪရှေးရေစက်ရယ် တို့ဘဝအတွက်
သည်လောက်ဆုံစည်းခွင့်ပေးတောင်
နည်းသေးတယ်
ဪရှေးရေစက်ရယ် တို့နှစ်ယောက်အတွက်
ပြန်ပြီးဆုံဆည်းခွင့်လေးတွေ
ပေးဦးကွယ်
ဪ . . . ပေးပါနော်
ကံမကုန်ပြန်ဆုံဖို့
အမြဲဆုတောင်းမယ်
မြန်မာပြည်တကယ်တော့
အကျဉ်းလေး ကွယ်
ဆိုတာဆိုလွယ်မယောင်နဲ့နော်
တွေ့ဖို့ခက်တယ်
ဒါတွေကိုကိုယ်လေတွေးကာ
စိတ်မညစ်တယ်
တစ်နေ့တစ်လံပဲပေါ့ အိုပုဂံ
ဘယ်ပြေးမလဲနှင်
နွေဆိုး နွေဆိုးရယ်တို့ဘဝကို
တစ်နေခြား တစ်မြေဝေးအောင်
လုပ်ရက်တယ်
နွေဆိုးနွေဆိုးရယ် တို့နှစ်ယောက်ကို
တကယ်လွမ်းတကယ်ဆွေးအောင်
သိပ်ရက်စက်တယ်
ဪရှေးရေစက်ရယ် တို့ဘဝအတွက်
ဒိလောက်ဆုံစည်းခွင့်ပေးတောင်
နည်းသေးတယ်
ဪရှေးရေစက်ရယ် တို့နှစ်ယောက်အတွက်
ပြန်ပြီးဆုံဆည်းခွင့်လေးတွေ
ပေးဦးကွယ်
နွေဆိုး နွေဆိုးရယ်တို့ဘဝကို
တစ်နေခြား တစ်မြေဝေးအောင်
လုပ်ရက်တယ်
နွေဆိုးနွေဆိုးရယ် တိုးနှစ်ယောက်ကို
တကယ်လွမ်းတကယ်ဆွေးအောင်
သိပ်ရက်စက်တယ်
ကျေးဇူးတင်ပါတယ်(လေးစိုး)