တောင်းဆု .. ဂျက်မြသောင်း
....
ဒီဘဝမှာ မင်းနဲ့အတူတူ
မပေါင်းရပေမဲ့လဲ
နောင်ဘဝဆိုတာရှိခဲ့ရင်
တောင်းဆုပြုနေမယ်
အတူတူယှဉ်ကာ ပေါင်းကြရစေသား
ဒီဘဝ ဒီမျှလောက်သာ
ချစ်ခွင့်ပါလာသလား
အရင်ဘဝက ရှေးကုသိုလ်
နဲခဲ့တာကြောင့်လား
ဒီအချိန်ခါမှာ လမ်းခွဲကြတာဘဲ
စည်းတဖက်မှာ ချန်ရစ်မယ်
ခရီးဆက်ပါ
အချစ်ဦးရယ် ပျော်ပါစေ
ကျမျက်ရည် ဝေဖို့အတွက်
ဘဝတကွေ့မှာ ဆုံတွေ့ခဲ့ကြတာဘဲ
အခြေအနေတွေဟာ လွမ်းဖို့ဖြစ်လာတယ်
အချစ်ဦးရယ် ခုတော့
အသစ်ဖူးနဲ့ပျော်ပြီပေါ့
အရင်ဆုံး အချစ်ဦးဒို့ကို
မေ့လောက်နေပြီလား
ပျော်ရွှင်နိုင်အောင် တောင်းဆုပြုနေမယ်
စည်းတဖက်မှာ ချန်ရစ်မယ်
ခရီးဆက်ပါအချစ်ဦးရယ် ပျော်ပါစေ
ကျမျက်ရည် ဝေဖို့အတွက်
ဘဝတကွေ့မှာ ဆုံတွေ့ခဲ့ကြတာဘဲ
အခြေအနေတွေဟာ လွမ်းဖို့ဖြစ်လာတယ်
Music
.......
ဒီဘဝမှာ မင်းနဲ့အတူတူ
မပေါင်းရပေမဲ့လဲ
နောင်ဘဝဆိုတာရှိခဲ့ရင်
တောင်းဆုပြုနေမယ်
အတူတူယှဉ်ကာ ပေါင်းကြရစေသား
ရင်ထဲမှာ အသဲနင့်အောင်
ချစ်ခဲ့ပေမဲ့လဲ
ဆုံစည်းစရာ လမ်းဝမှာ
စည်းတားနေချင်တယ်
ကံကြမ္မာဟာ ဒို့ဘက်မရပ်တည်ခဲ့
စည်းတဖက်မှာ ချန်ရစ်မယ်
ခရီးဆက်ပါအချစ်ဦးရယ် ပျော်ပါစေ
ကျမျက်ရည် ဝေဖို့အတွက်
ဘဝတကွေ့မှာ ဆုံတွေ့ခဲ့ကြတာဘဲ
အခြေအနေတွေဟာ လွမ်းဖို့ဖြစ်လာတယ်
.......
ကျေးဇူးတင်ပါတယ်(လေးစိုး)