menu-iconlogo
huatong
huatong
avatar

ဘယ်ဆီမှာ

ဂျီလတ်huatong
✰✰🅜🅢🅓_𝓐𝓝𝐂𝓱𝓪𝓷✰✰huatong
Lyrics
Recordings
“ ဘယ်ဆီမှာ ”

𝖚𝖕𝓵𝓸𝓪𝓭𝓮𝓻~𝓐𝓝𝐂𝓱𝓪𝓷

ချစ်တတ်ဖို့ ကြိုးစားခဲ့တာလည်း

ငါ့ဘဝတစ်ဝက် ကျိုးလုနီးပြီပဲ

အဖော်မဲ့နေ့တွေ

တစ်ယောက်တည်း ညတွေ

တစ်ကောင်ကြွက် ပေါ့လေ

အချစ်ငတ်လို့ ကျတဲ့မျက်ရည်လည်း

နှလုံးသားထဲ ပြည့်လုနီးပြီးပဲ

အပျော်မဲ့နေ့တွေ

အရောင်မဲ့ညတွေ

တစ်ကောင် ကြွက်ပေါ့လေ

အိုဘယ်ဆီမှာလဲ

ငါ့ရဲ့အသိုက်အမြုံလေး

ဘယ်ဆီမှာလည်း

ငါ့အတွက်ရင်ငွေ့နွေး

အချိန်တွေအလိုလို ပြုန်းတီးနေ

သောကတွေ

မျှောချဖို့ သက်ပြင်းလေး

အကြိမ်ကြိမ် ရှိုက်ရင်းလေ

ဒုက္ခတို့ စားသုံးခဲ့တာလည်း

ငါ့ဘဝတစ်ဝက် ကျိုးလုနီးပြီပဲ

အဖော်မဲ့နေ့တွေ သံသရာသိပ်ရှည်

အမြန်ဆုံးကုန်ဆုံး လွန်မြောက်ပါစေဟေ့

ဘယ်ဆီမှာလဲ

ငါ့မိသားစုလေး

ဘယ်ဆီမှာလဲ

ငါ့အတွက်ရင်ငွေ့နွေး

အိမ်ပြန်ချိန် ကြိုမယ့်အပြုံးလေးတွေ

အိပ်မက်နေ

အသက်ဆက်ဖို့ ချစ်ခြင်းတွေ

တစ်ကယ်ကို လိုအပ်နေ

ငါ့မနက်စာ ဖြစ်သလိုပဲလေ

ငါ့တစ်ညတာ အလင်းဆိုင်လေးတွေရှည်

ငါ့မနက်ဖြန် ဖြစ်သလိုပဲလေ

အမှားနဲ့အမှန် လမ်းညွှန်ပေးသူ

မတွေ့သေးသ၍

အို ဘယ်ဆီမှာလဲ

ငါ့ရဲ့အသိုက်အမြုံလေး

ဘယ်ဆီမှာလဲ

ငါ့အတွက် ရင်ငွေ့နွေး

အချိန်တွေအလိုလို ပြုန်းတီးနေ

သောကတွေ

မျှောချဖို့ သက်ပြင်းလေး

ဘယ်ဆီမှာလဲ

ငါ့မိသားစုလေး

ဘယ်ဆီမှာလဲ

ငါ့အတွက်ရင်ငွေ့နွေး

အိမ်ပြန်ချိန် ကြိုမယ့်အပြုံးလေးတွေ

အိပ်မက်နေ

အသက်ဆက်ဖို့ ချစ်ခြင်းတွေ

တစ်ကယ်ကို မျှော်လင့်နေ

အိုး...အို

More From ဂျီလတ်

See alllogo
ဘယ်ဆီမှာ by ဂျီလတ် - Lyrics & Covers