ကြီးမြတ်လှသည့်အကြောင်း
တေးရေး စောဝင်းလွင်
တေးဆို စည်သူလွင်
Credit to Art knowledge &
entertainment
PauSing
ကိုယ်တော် ဖန်ဆင်း လောကအလှကမ္ဘာ
စိတ်လှုပ်ရှား အံ့သြဖွယ်လက်ရာ
ရောင်စုံတိမ်တိုက် ကောင်းကင် မိုးကြိုးသံ
တန်ခိုးနဲ့ သက်သေ တည်မြဲခြင်း
သာယာရှုခင်း ကျေးငှက်တေးသံ
ချီးမွမ်းခြင်း များနဲ့ သီချင်းဆို
လေပြလေညှင်းလေးတွေ ပြေးဆော့ကာ
စမ်းချောင်းလေးတွေ လှုပ်ရှားသွား
အိုငါ့ဝိညာဉ် ကိုယ်တော်အား ချီးမွမ်း
ကြီးမြတ်လှသည့် အကြောင်းကို
အိုငါ့ဝိညာဉ် ဘုရားသခင် မြတ်ကို
ချီးမွမ်းပါ ကြီးမြတ်လှသည့် အကြောင်းကို
SOLO........................
ကိုယ်တော်ဘုရား လောကသားကို
ချစ်သောကြောင့် အသက်ကိုစွန့်ကာ
တိုင်တော်တွင် အပြစ်ရဲ့ ဒဏ်ပေးဆပ်ကာ
အသွေးနဲ့ဆေးကာ ဖြေလွှတ်သွား
ကိုယ်စိတ်နှလုံး သုံးပါးပြည့်စုံ
ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ
ပျော်ရွှင်ကြည်နူး နှိမ့်ချသော စိတ်နှင့်
ချီးမွမ်းကြ ဟာလေလုယာ
အိုငါ့ဝိညာဉ် ကိုယ်တော်အား ချီးမွမ်း
ကြီးမြတ်လှသည့် အကြောင်းကို
အိုငါ့ဝိညာဉ် ဘုရားသခင် မြတ်ကို
ချီးမွမ်းပါ ကြီးမြတ်လှသည့် အကြောင်းကို
အိုငါ့ဝိညာဉ် ကိုယ်တော်အား ချီးမွမ်း
ကြီးမြတ်လှသည့် အကြောင်းကို
အိုငါ့ဝိညာဉ် ဘုရားသခင် မြတ်ကို
ချီးမွမ်းပါ ကြီးမြတ်လှသည့် အကြောင်းကို
ကြီးမြတ်လှသည့် အကြောင်းကို
️ To God Be The Glory... ️️️️