“ဘဝမှာ”
တေးရေး ~ Fr.ခင်မောင်အေး
တေးဆို ~ စိုင်းအောင်ထီးခမ်း
Uploader ~ ANChan
ဘဝရဲ့ပျော်စရာ အချိန်များမှာ
ရယ်ရွှင်ချိန်များမှာ ကျွန်ုပ်နဲ့အတူ
ရယ်မောတဲ့ သူများစွာ
ဘဝရဲ့ ဝမ်းနည်းရချိန်မှာ
စိတ်ဓာတ်ကျချိန်မှာ ကျွန်ုပ်နဲ့အတူ
ဘယ်သူမှမရှိပါလား...
ကျမျက်ရည်
ကိုယ်တစ်ယောက်ထဲ အတွက်ပါလား
ဘဝမှာအရာရာဟာ ဒီအတိုင်းလား
အိုအဖဘုရား
ဤဆင်းရဲခြင်း ခွက်ဖလားကို
လွန်စေနိုင်လျှင် လွန်သွားခွင့်ကိုပေးပါ
သို့ရာတွင်
ကျွန်ုပ်အလိုအတိုင်း မဟုတ်ပါ
အဖဘုရားရဲ့ အလိုတော်ဖြစ်စေပါ
အိုအဖဘုရား
ကျွန်ုပ်ရဲ့ ဝိညာဉ်လေးကို
ကိုယ်တော်လက်သို့
ကျွန်ုပ်အပ်နှံလိုက်ပြီ
အသက်တာနှင့်
ကျွန်ုပ်စိတ်နှလုံး ဝိညာဉ်
အဖဘုရား လက်တော်
ကျွန်ုပ်အပ်နှံပြီး သိမ်းပိုက်ပါ
🎶🎶🎶🎶🎶
ဘဝရဲ့ အစဉ်ပြေချိန်များမှာ
ပြေလည်ချိန်များမှာ ကျွန်ုပ်နဲ့အတူ
ရှိဘူးတဲ့သူများစွာ
ဘဝရဲ နိမ့်ကြခြင်းအချိန်မှာ
ဒုက္ခရောက်ချိန်မှာ ကျွန်ုပ်နားမှာ
ဘယ်သူမှမရှိပါလား...
အပြစ်ဖို့စရာ ကိုယ်တိုင်ပဲဖြစ်တည်လာ
ဘဝမှာ ဒါတွေဟာသဘာဝလား
အိုအဖဘုရား
ဤဆင်းရဲခြင်း ခွက်ဖလားကို
လွန်စေနိုင်လျှင် လွန်သွားခွင့်ကိုပေးပါ
သို့ရာတွင်
ကျွန်ုပ်အလိုအတိုင်း မဟုတ်ပါ
အဖဘုရားရဲ့ အလိုတော်ဖြစ်စေပါ
အိုအဖဘုရား ...
ကျွန်ုပ်ရဲ့ ဝိညာဉ်လေးကို
ကိုယ်တော်လက်သို့
ကျွန်ုပ်အပ်နှံလိုက်ပြီ
အသက်တာနှင့်
ကျွန်ုပ်စိတ်နှလုံးဝိညာဉ်
အဖဘုရားလက်တော်
ကျွန်ုပ်အပ်နှံပြီး သိမ်းပိုက်ပါ
🎶🎶🅜🅢🅓🎶🎶
ဘဝရဲ့ ပျိုရွယ်ချိန်များမှာ
သန်မာချိန်များမှာ ကျွန်ုပ်နဲ့အတူ
လက်တွဲတဲ့ သူများစွာ
ဘဝရဲ့ နွမ်းကျပျက်ချိန်မှာ
အားဆုတ်ယုတ်ချိန်မှာ
လက်တွဲဖော် ဘယ်သူမှမရှိပါလား
လောကဓံ
ကိုယ်တစ်ယောက်တည်း တွေ့ပြီလား
ဘဝမှာ ရှင်နိုင်စရာရှိအုန်းမလား
အိုအဖဘုရား
ဤဆင်းရဲခြင်း ခွက်ဖလားကို
လွန်စေနိုင်လျှင်
လွန်သွားခွင့်ကိုပေးပါ
သို့ရာတွင်
ကျွန်ုပ်အလိုအတိုင်း မဟုတ်ပါ
အဖဘုရားရဲ့ အလိုတော်ဖြစ်စေပါ
အိုအဖဘုရား
ကျွန်ုပ်ရဲ့ ဝိညာဉ်လေးကို
ကိုယ်တော်လက်သို့
ကျွန်ုပ်အပ်နှံလိုက်ပြီ
အသက်တာနှင့်
ကျွန်ုပ်စိတ်နှလုံးဝိညာဉ်
အဖဘုရားလက်တော်
ကျွန်ုပ်အပ်နှံပြီး
သိမ်းပိုက်ပါ
အိုအဖဘုရား
ဤဆင်းရဲခြင်း ခွက်ဖလားကို
လွန်စေနိုင်လျှင်
လွန်သွားခွင့်ကိုပေးပါ
သို့ရာတွင်
ကျွန်ုပ်အလိုအတိုင်း မဟုတ်ပါ
အဖဘုရားရဲ့ အလိုတော်ဖြစ်စေပါ
အိုအဖဘုရား
ကျွန်ုပ်ရဲ့ ဝိညာဉ်လေးကို
ကိုယ်တော်လက်သို့
ကျွန်ုပ်အပ်နှံလိုက်ပြီ
အသက်တာနှင့်
ကျွန်ုပ်စိတ်နှလုံးဝိညာဉ်
အဖဘုရားလက်တော်
ကျွန်ုပ်အပ်နှံပြီး
သိမ်းပိုက်ပါ ....
🅣🅗🅐🅝🅚🅨🅞🅤