(M)မုန်းမုန်းမေ့မေ့
မုန်းမေ့ပြီလားလို့မေးချင်တယ်
မုန်းမုန်းမေ့မေ့
မုန်းမေ့ပြီလားလို့မေးချင်တယ်
အို... အချိန်တွေနှောင်းလို့
ရက်တွေပြောင်းခဲ့ပြီကွယ်..
ချစ်သူလေးအတွက်
ယနေ့တိုင်မရွှင်အားတယ်..
ချိန်းမိလေတိုင်း ချိန်းတဲ့ရက်မှာကွယ်
သူမလာတာဘယ်အတွက်ရယ်..
မောင့်ကိုများ ..
မုန်းမေ့ပြီလားလို့ မေးချင်တယ်...
(F)မုန်းမုန်းမေ့မေ့
မုန်းမေ့ပါဘူးလို့ ပြောချင်တယ်
မုန်းမုန်းမေ့မေ့
မုန်းမေ့ပါဘူးလို့ပြောချင်တယ်
အို... အချိန်တွေနှောင်းလို့
ရက်တွေပြောင်းခဲ့ပြီကွယ်..
ချစ်သူမောင့်အတွက်
ယနေ့တိုင် မရွှင်အားတယ်
ချိန်းမိလေတိုင်း ချိန်းတဲ့ရက်မှာကွယ်
မေမလာနိုင်တာအတွက်ရယ်
မောင့်ကိုများ ..
ပြောပြချင်စမ်းပါ့ချစ်သူရယ်......
(M)သြော်.... ချစ်ခဲ့ပြီမို့
မမုန်းရက်နိုင်သူမယ်
စောင့်မျှော်ရသူ မောလှပြီပေါ့ကွယ်
အသစ်တွေ့နေလို့
မုန်းမေ့သွားပြီ ထင်တယ်...
(F)အို... ချိန်းမိလေတိုင်း
ချိန်းတဲ့ရက်မှာကွယ်
မေမလာနိုင်တာအတွက်ရယ်...
မောင့်ကိုများ..
မုန်းမေ့ပါဘူးလို့ပြောချင်တယ်......
Music
(M)သြော်.... ချစ်ခဲ့ပြီမို့
မမုန်းရက်နိုင်သူမယ်
စောင့်မျှော်ရသူ မောလှပြီပေါ့ကွယ်
အသစ်တွေ့နေလို့
မုန်းမေ့သွားပြီ ထင်တယ်...
(F)အို... ချိန်းမိလေတိုင်း
ချိန်းတဲ့ရက်မှာကွယ်
မေမလာနိုင်တာအတွက်ရယ်...
မောင့်ကိုများ..
မုန်းမေ့ပါဘူးလို့ပြောချင်တယ်......
(M+F)
မုန်းမုန်းမေ့မေ့
မုန်းမေ့ပြီလားလို့မေးချင်တယ်..
မုန်းမုန်းမေ့မေ့
မုန်းမေ့ပါဘူးလို့ပြောချင်တယ်..
မုန်းမုန်းမေ့မေ့
မုန်းမေ့ပြီလားလို့မေးချင်တယ်..