"ချစ်ပြုံးစီခြယ်"
တေးရေး+တေးဆို>စိုးလွင်လွင်
"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ"
-ကိုကိုဆိုးပေ-
Ready…!
3️⃣
2️⃣
1️⃣
Go?
စန်းသော်တာ လမင်းကြီးလို
ဝင်းဝင်းပပထည်
တို့ချစ်သူ ရွှေစင်လေး
ရှုမငြီးနိုင်တယ်
မောင့်ရင်ကို အေးချမ်းစေ့သူ
အပြုံးပန်းလှ မျက်ခြယ်
သက်နွဲ့တင် ချိုအီမူး
ကျော့ဆုံး ကေသွယ်
>>>
မရမ်းရောင်ခြယ်
သူ့နှုတ်ခမ်းလေးရယ်
နမ်း နမ်းချင့် နမ်းစဖွယ်
ပန်းဝတ်ရည် ထုံအီမူး
မောင် ရူးပြီကွယ်
နန်းစံသူ မြမျက်ဝန်းရယ်
အသည်း စွဲနုတ်ထားတယ်
မစိမ်းနဲ့နော် ကြင်နာဦး
သက်ဆုံးတိုင်ရွယ်
>>>
အညှာလွယ်လွယ် တို့ အသည်း
နုနုငယ်ငယ်
ကြွေပြီနော် ချိုအသည်း
ပြုံးသူ့သက်လှယ်
ရုန်းဘူးနော် မျက်ခြယ်
ဆုံးခန်းထိအောင်
>>>
ပိုးချည်မျှင် လွန်းရက်ကန်းတင်
အကွက်လှလှ လိမ်းခြယ်
ထားသစ္စာ ခိုင်စေဦး
ရွယ်လူးပျိုငယ်
ဘဝပုံကာ ချစ်ကြစို့ကွယ်
တိုးရစ်ပတ် အချစ်နွယ်
စိမ်းလဲ့ရည် ကြည်စေဦး
ချစ်ပြုံးစီခြယ်
>>>>> SOLO >>>>>
(မူရင်းတေးရေး+တေးဆို+
တီးခတ်သူ+စီစဉ်သူ+
ထုတ်ဝေသူ အားလုံးကို
လေးစားကျေးဇူးတင်လျက်)
-ကိုကိုဆိုးပေ-
Ready…!
3️⃣
2️⃣
1️⃣
Go?
အညှာလွယ်လွယ် တို့ အသည်း
နုနုငယ်ငယ်
ကြွေပြီနော် ချိုအသည်း
ပြုံးသူ့သက်လှယ်
ရုန်းဘူးနော် မျက်ခြယ်
ဆုံးခန်းထိအောင်
>>>
ပိုးချည်မျှင် လွန်းရက်ကန်းတင်
အကွက်လှလှ လိမ်းခြယ်
ထားသစ္စာ ခိုင်စေဦး
ရွယ်လူးပျိုငယ်
ဘဝပုံကာ ချစ်ကြစို့ကွယ်
တိုးရစ်ပတ် အချစ်နွယ်
စိမ်းလဲ့ရည် ကြည်စေဦး
ချစ်ပြုံးစီခြယ်
>>>>>>>>FINE>>>>>>>>
"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"
-ကိုကိုဆိုးပေ-
(သီချင်းတင်ပေးသူစီနီယာ