menu-iconlogo
huatong
huatong
avatar

ညို့မျက်ဝန်း

စိုးသူhuatong
stanmcelyahuatong
Lyrics
Recordings
ညို့မျက်ဝန်း

တေးဆိုသူ စိုးသူ

နောက်လှည့်အကြည့်တစ်ချက်

ဆိုသာရုံလေး ညို့မျက်ဝန်းရှင်ရယ်...

မင်းပေးသွားတဲ့အရင် ဝေဒနာလည်း

စက္ကန့်ရွေ့အမျှပါပဲ....

ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ်

တောင်းခံသူကို

အချစ်တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်

စေတနာ သဒ္ဒါသလောက်မျှခဲ့ပါ

အချစ်လမ်းတစ်ဝက်ဖြစ်ဖြစ်

တွယ်တာနိုင်သလောက် ရွေ့လှမ်းပါ

အချစ်ပန်းတစ်ခက် ဖြစ်ဖြစ်

ကြင်နာနိုင်သလောက် စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ...

ပြောခဲ့ပါ ဟောခဲ့ပါ

အချစ်တရားတပုဒ်နာတော်မူပါ

အတွေးများစွာ အလေးထားကာ

အရှုံးအမြတ်တွက် မရေရာသူပါ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညိုးငယ်စိတ်နဲ့အတူ

မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

ဒီမှာသာ ဆုံးရှုံးနေမှာပဲလေ

ဆုံးကာ ရှုံးကာသာ နေမှာပဲလေ

ဆုံးရှုံးနေမှာပဲလေ....

အမြဲအစဥ်ရှုံးကာသာ နေမှာပဲလေ

အမြဲရှုံးနေမှာပဲလေ...အချစ်ရေ...

အသည်းခွဲမြှားချက်

ရင်လယ်ဗဟို၌စူးစိုက်ခဲ့ပြီကွယ်

အပြုံးငွေ့တစ်ချက်က

ရင်ကိုတစ်ခါတည်း

သိမ်းပိုက်သွားခဲ့ပြီကွယ်...

စိတ်အစဥ်ရယ်..တပါတည်းနဲ့ လိုက်ပါသွားတယ်

ညိုးမှိုင်သူရယ်....

အရှင်ပုခုံးနုထက်မှ

အပြာရောင်လွယ်အိတ်လေးဖြစ်ပါရစေ..

အရှင်ဖဝါးနု အောက်မှ

ကတ္တီပါဖိနပ်ကလေးဖြစ်ပါရစေ...

အရှင့် ဦးထိပ်ထက်မှ

ငွေရောင်ဆံညှပ်ကလေးဖြစ်ပါရစေ..

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ...

ပြောခဲ့ပါ ဟောခဲ့ပါ

အချစ်တရားတပုဒ်နာတော်မူပါ

အတွေးများစွာ အလေးထားကာ

အရှုံးအမြတ်တွက် မရေရာသူပါ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညိုးငယ်စိတ်နဲ့အတူ

မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တပြည်ကွာအနမ်းတို့ရဲ့ ဖိတ်ခေါ်ခြင်းနဲ့အတူ

အသင်ပိုင်ဆိုင်ရာ အသည်းရေ

ပလင်တော်ထက်မှာ မနှေးမမြန်စတေးခံကာ

နေမှာပဲလေ အသည်းရေ....

ပလင်တော်ထက်မှာ ဆုံးကာရှုံးကာသာ

နေမှာပဲလေ...ဆုံးရှုံးနေမှာပဲလေ..

အချစ်ရေ....

More From စိုးသူ

See alllogo