menu-iconlogo
huatong
huatong
avatar

ပြောင်းပြန်စီးသောမြစ်

စံလင်းhuatong
🌟ayekyaw🌟🙇huatong
Lyrics
Recordings
ပြောင်းပြန်စီးသောမြစ်

စံလင်း

ပြောင်းပြန်စီးသော မြစ်လိုပဲ

ကိုယ့်ရဲ့ ဘ၀ဟာ

အစီအစဉ်မှန်သမျှ လွဲချော်နေ

အားလုံး ပြောင်းပြန်ပဲ

ဘ၀ကိုလည်း တည်ဆောက်ဆဲ

အချစ်ကိုလည်း ရှာဖွေဆဲ

ကန္တာရထဲ ပြောင်းပြန်ပဲ

မြစ်တစ်ခု စီးနေတယ်

လူသူကင်းမဲ့ ကမ်းခြေထဲ

အော်သံကြားမိတယ်

ရယ်သံလေလား ငိုသံလား

နှုတ်ဆက်ခဲ့ပြီဟေ့

ဘ၀ကိုလည်း မကျေနပ်ဘူး

အချစ်ကိုလည်း မကျေနပ်ဘူး

ပင်လယ်ပြင်နဲ့ ဝေးနေမယ့်

မြစ်တစ်ခု မစီးချင်ဘူး

နာကျင်နေသော အသည်းဟာ

မီးများ လောင်ကျွမ်း

ချော်ရည်ပူများ စီးနေတဲ့

ကိုယ်ရဲ့ ဘ၀ရှေ့ရေး

သစ္စာတရား မေတ္တာစကား

ပြောလိုက်ကြတာပဲ

ယူလို့လည်း မဆုံးနိုင်တဲ့

ဘ၀ရဲ့ သင်ခန်းစာများ

ပြောင်းပြန်စီးသော မြစ်လိုပဲ

ကိုယ့်ရဲ့ ဘ၀ဟာ

အစီအစဉ်မှန်သမျှ လွဲချော်နေ

အားလုံး ပြောင်းပြန်ပဲ

ဘ၀ကိုလည်း တည်ဆောက်ဆဲ

အချစ်ကိုလည်း ရှာဖွေဆဲ

ကန္တာရထဲ ပြောင်းပြန်ပဲ

မြစ်တစ်ခု စီးနေတယ်

ပင်လယ်ပြင်နဲ့ ဝေးရာ

တရွေ့ရွေ့ သွားနေတယ်

More From စံလင်း

See alllogo