ခရေပင်အောက်ကပိတောက်ချစ်သူ
တေးရေး..ပျဉ်းမနားမြင့်လှိုင်
တေးဆို..စန္ဒရားချစ်ဆွေ
++++++++++++++++++++
ထာဝစဉ် မြတ်နိုးလာခဲ့
ချစ်တဲ့မေရေ...
ချစ်တဲ့မေရေ
မောင်တို့ ငယ်ရွယ်စဉ်
ပျော်ရွှင်ခဲ့တဲ့ ခရေပင်ကြီး..
အောက်မလေ
နှစ်တွေ ကြာ...ရှည်
နှစ်ယောက်သား ကစား..ခဲ့ပုံ
ကလေးတွေ..ခုနေ
တွေး..မိတိုင်း
ကြည်နူး မဆုံးနိုင်ပေ
ဒီ ခရေပင်ကြီး....
အသီးမပျက် အပွင့်မပျက် သလိုပင်
မောင်..လည်းပဲ မေ့ကို မေ့ကို
ချစ်လျက်နေဆဲ
ချစ်မြဲ...ပါ မေရေ
+++++++++++++++++++++
ထာဝစဉ် မြတ်နိုးလာခဲ့
ချစ်တဲ့မေရေ...
ချစ်တဲ့မေရေ
မောင်တို့ ငယ်ရွယ်စဉ်
ပျော်ရွှင်ခဲ့တဲ့ ခရေပင်ကြီး..
အောက်မလေ
နှစ်တွေ ကြာ...ရှည်
နှစ်ယောက်သား ကစား..ခဲ့ပုံ
ကလေးတွေ..ခုနေ
တွေး..မိတိုင်း
ကြည်နူး မဆုံးနိုင်ပေ
ဒီ ခရေပင်ကြီး....
အသီးမပျက် အပွင့်မပျက် သလိုပင်
မောင်..လည်းပဲ မေ့ကို မေ့ကို
ချစ်လျက်နေဆဲ
ချစ်မြဲ...ပါ မေရေ
+++++++++++++++++++++
သည်ချိန်ခါတုန်း...
ကတည်း..ကလေ
မေ့စိတ် သဘော...ကို
တွေးတောမိသား...ပဲ မေရေ
ခရေပန်း..ပန်မှ
မောင်က လှတယ် ထင်...နေ
++++++++++++++++++++
သည်ချိန်ခါတုန်း...
ကတည်း..ကလေ
မေ့စိတ် သဘော...ကို
တွေးတောမိသားပဲမေရေ
ခရေပန်း...ပန်မှ
မောင်က လှတယ် ထင်..နေ.
မေ...ကတော့ သည်သို့
မဟုတ်ပေ
အမြင့် ပင်ယံ နန်း..က
ပိတောက်ပန်းတွေ ကိုပဲ..
တမ်းတနှစ်သက်
မက်မောလို့သာနေ
မောင်ရဲ့ ဘ၀တွင်
ခရေပင်ကြီးပမာပဲ....
မေခြေရင်း မြေသလင်း...မှာ
ကြွေဆင်းပေးပါ သော်လည်းလေ
မပန်ချင်ငယ်ကျွမ်းမေ...က
နင်းကျော် လျှောက်ကာ
မထောက်ညှာ
ပိတောက်ဝါခင်သူရေ....
+++++++++++++++++++++
ခုတော့ မောင့်တစ်ယောက်တည်း
ခရေကောက်မြဲ..ပါလေ
အပစ်ပယ်ခံ ဘ၀များ...နဲ့
မေ့အတွက်သာပဲ
လှိုက်လှိုက် လှဲလှဲ
ဆုတောင်း ပေးမယ်လေ
မိုး...ဆောင်း ပြောင်း..ခါနွေ
ရာသီတိုင်း..မှာ
ပိတောက်ပန်းတွေပွင့်ပါစေလို့
ခရေပင်အောက်မှ
ပိတောက်ချစ်သူရေ
ခရေပင်အောက်မှ
ပိတောက်ချစ်သူရေ
+++++++++++++++++++++
နန်းလေး(SaoTai)မှ တင်ပေးသည်။
+++++++++++++++++++++
သည်ချိန်ခါတုန်း...
ကတည်း..ကလေ
မေ့စိတ် သဘော...ကို
တွေးတောမိသား...ပဲ မေရေ
ခရေပန်း..ပန်မှ
မောင်က လှတယ် ထင်...နေ
မေ...ကတော့ သည်သို့
မဟုတ်ပေ
အမြင့် ပင်ယံ နန်း..က
ပိတောက်ပန်း ကိုပဲ..
တမ်းတနှစ်သက်
မက်မောလို့သာနေ
မောင်ရဲ့ ဘ၀တွင်
ခရေပင်ကြီးပမာပဲ....
မေ့ခြေရင်း မြေသလင်း...မှာ
ကြွေဆင်းပေးပါ သော်လည်းလေ
မပန်ချင်ငယ်ကျွမ်းမေ..က
နင်းကျော် လျှောက်ကာ
မထောက်ညှာ
ပိတောက်ဝါခင်သူရေ......
++++++++++++++++++++
အခုတော့ မောင့်တစ်ယောက်တည်း
ခရေကောက်မြဲ..ပါလေ
အပစ်ပယ်ခံ ဘ၀များ...နဲ့
မေ့အတွက်သာပဲ
လှိုက်လှိုက် လှဲလှဲ
ဆုတောင်း ပေးမယ်လေ
မိုး...ဆောင်း ပြောင်း..ခါနွေ
ရာသီတိုင်း..မှာ
ပိတောက်ပန်းတွေပွင့်ပါစေလို့
ခရေပင်အောက်မှ
ပိတောက်ချစ်သူရေ
ခရေပင်အောက်မှ
ပိတောက်ချစ်သူရေ
+++++++++++++++++++
ကျေးဇူးတင်ပါတယ်ရှင်။