မုံရွာသူကိုလွမ်းတယ်
️ဇေယျာနိုင်
မုံရွာကိုခဏအလည်ရောက်စဉ်
မျှော်လင့်မထားတဲ့အချစ်နွံကျွံလေပြီ
အညာသူမို့စကားပြောပုံကလေး
တစ်ကယ့်ကိုယဉ်ကျေးတယ်
ဖော်ရွှေတဲ့အပြုံးကလေးတွေကြောင့်
အသဲစွဲချစ်မိပြီ
ဆိုင်ကယ်လေးတို့နှစ်ယောက်အတူစီး
လျှောက်လည်ကြသေးတယ်
မုံရွာမြို့အလှကျက်သရေဆန်း
တန်ခိုးကြီးဘုရားများမကျန်
မိုးညှင်းသမ္ဗုဒ္ဓေ
ဗောဓိတစ်ထောင်ဘုရားဘက်လည်း
သူလိုက်ပို့တယ်မမောနိုင်ရှာသူရယ်
ဒို့ဝေးတဲ့နောက်ဆုံးနေ့မှာ
လွမ်းလွန်းလို့ကျန်
မုံရွာသူခဗျာတသိမ့်သမ့်ချိုက်ကာငို
မုံရွာကိုတစ်နေ့ပြန်ခဲ့မယ်
မပျက်သောသစ္စာအချစ်ကမ္ဘာတည်စေသား
မငိုပါနဲ့ပါးကသနပ်ခါးပျက်မှာတောင်စိုးတယ်
မမျှော်လင့်သောအချစ်ကရင်ထဲ
အစွဲလမ်းကြီးတက်တယ်
မကြာပါဘူးတို့နှစ်ယောက်ဆုံဖို့
အပြေးပြန်လာခဲ့မယ်
ဒီမှာလည်း ရူးမတက်ပါဘဲ
အလွမ်းကြီးလွမ်းရတယ်
တစ်နေ့တို့ပြန်ဆုံရမယ်
ဗောဓိတစ်ထောင်ဘုရားမှာတို့အတူ
ဆုတောင်းထားသလိုတို့ပြန်ဆုံမှာပါ
ချိုနွဲ့နွဲ့မျက်ဝန်းလေးက
မင်းအလွမ်းမျက်ရည်
မုံရွာသူရယ်သုတ်လို့ပေးပါ့မယ်
မျှော်သူရယ်ကြိုကာစောင့်နေဦး
မုံရွာကိုတို့ကလွမ်းသလို
မုံရွာမှာမင်းလည်းလွမ်းနေ
ပြန်လာမယ့်စကားကတိမပျက်ပါဘူး
အကြင်နာတွေမိုင်ချီဝေးနေလည်း
မုံရွာသူမင်းရဲ့မျက်ရည်
ကြွေမှာကိုအဝေးကစိုးရိမ်
မုံရွာမြေတမ်းခြင်းတေးကိုဆို
မုံရွာကိုခဏအလည်ရောက်စဉ်
မျှော်လင့်မထားတဲ့အချစ်နွံကျွံလေပြီ
အညာသူမို့စကားပြောပုံကလေး
တစ်ကယ့်ကိုယဉ်ကျေးတယ်
ဖော်ရွှေတဲ့အပြုံးကလေးတွေကြောင့်
အသဲစွဲချစ်မိပြီ
ဆိုင်ကယ်လေးတို့နှစ်ယောက်အတူစီး
လျှောက်လည်ကြသေးတယ်
မုံရွာမြို့အလှကျက်သရေဆန်း
တန်ခိုးကြီးဘုရားများမကျန်
မိုးညှင်းသမ္ဗုဒ္ဓေ
ဗောဓိတစ်ထောင်ဘုရားဘက်လည်း
သူလိုက်ပို့တယ်မမောနိုင်ရှာသူရယ်
ဒို့ဝေးတဲ့နောက်ဆုံးနေ့မှာ
လွမ်းလွန်းလို့ကျန်
မုံရွာသူခဗျာတသိမ့်သမ့်ချိုက်ကာငို
မုံရွာကိုတစ်နေ့ပြန်ခဲ့မယ်
မပျက်သောသစ္စာအချစ်ကမ္ဘာတည်စေသား
မငိုပါနဲ့ပါးကသနပ်ခါးပျက်မှာတောင်စိုးတယ်
မမျှော်လင့်သောအချစ်ကရင်ထဲ
အစွဲလမ်းကြီးတက်တယ်
မကြာပါဘူးတို့နှစ်ယောက်ဆုံဖို့
အပြေးပြန်လာခဲ့မယ်
ဒီမှာလည်း ရူးမတက်ပါဘဲ
အလွမ်းကြီးလွမ်းရတယ်
တစ်နေ့တို့ပြန်ဆုံရမယ်
ဗောဓိတစ်ထောင်ဘုရားမှာတို့အတူ
ဆုတောင်းထားသလိုတို့ပြန်ဆုံမှာပါ
ချိုနွဲ့နွဲ့မျက်ဝန်းလေးက
မင်းအလွမ်းမျက်ရည်
မုံရွာသူရယ်သုတ်လို့ပေးပါ့မယ်
မျှော်သူရယ်ကြိုကာစောင့်နေဦး
မုံရွာကိုတို့ကလွမ်းသလို
မုံရွာမှာမင်းလည်းလွမ်းနေ
ပြန်လာမယ့်စကားကတိမပျက်ပါဘူး
အကြင်နာတွေမိုင်ချီဝေးနေလည်း
မုံရွာသူမင်းရဲ့မျက်ရည်
ကြွေမှာကိုအဝေးကစိုးရိမ်
မုံရွာမြေတမ်းခြင်းတေးကိုဆို