မြင်နေတယ် မင်းအဲ့အရိပ်
မင်းရဲ့အပြုံး မင်းမျက်ဝန်းများရယ်
အာရုံမှာ စွဲကပ်လို့ ပယ်ချဖို့
ခက်ခဲ.....
ညစဉ် ငါ့အိမ့်မက်တွေထဲ..
မဖိတ်ခေါ်ဘဲနဲ့ရောက်လာတဲ့
နတ်သမီးလေး.......
ရယ်သံတွေ တိုးတိုးလေး
နားထဲစွဲ ကြားနေမိခဲ့တယ်
ရင်ခုန်သံ စည်းချက်တိုင်း
မရပ်တန့်နိုင်ခဲ့......
ပိတ်ပင်တားဆီးဖို့ အရာမဲ့
အချစ်တွေ အားလုံးခူးယူ ခြွေစားသူ.......
ရုန်းထွက်မရနိုင်ခဲ့
အရာရာမင်းစိုးပိုင်ထား
ပျော်ဝင်နေပီ မင်းရဲ့လက်ထဲ
အဆင်မပြေဘူး ဒီစိတ်နဲ့ ညစဉ်ရူး
အားလုံးတစ်လွဲစီပဲ
အမြဲတမ်းငါ့ရင်ခွင်မှာ ခိုဝင်နေတတ်သူ
မြင်နိုင်မလား မင်းလေး လက်ခံမလား
ငါ့အချစ်များစွာအတွက်
တစ်နေရာစာ ချန်ထားပေးပါ
တောင်းဆိုချင်တယ်......
ရယ်သံတွေ တိုးတိုးလေး
နားထဲစွဲ ကြားနေမိခဲ့တယ်
ရင်ခုန်သံ စည်းချက်တိုင်း
မရပ်တန့်နိုင်ခဲ့......
ပိတ်ပင်တားဆီးဖို့ အရာမဲ့
အချစ်တွေ အားလုံးခူးယူ ခြွေစားသူ.......
ရုန်းထွက်မရနိုင်ခဲ့
အရာရာမင်းစိုးပိုင်ထား
ပျော်ဝင်နေပီ မင်းရဲ့လက်ထဲ
ဟေး....
အဆင်မပြေဘူး ဒီစိတ်နဲ့ ညစဉ်ရူး
အားလုံးတစ်လွဲစီပဲ
အမြဲတမ်းငါ့ရင်ခွင်မှာ ခိုဝင်နေတတ်သူ
မြင်နိုင်မလား မင်းလေး လက်ခံမလား
ငါ့အချစ်များစွာအတွက်
တစ်နေရာစာ ချန်ထားပေးပါ
တောင်းဆိုချင်တယ်......
ငါ့အချစ်တွေ မင်းအနိုင်ယူ
ငါ့ဘဝဟာမင်းအတွက်ပဲ
မင်းအချစ်တွေရချင်တယ် တစ်သက်စာ...
အဆင်မပြေဘူး ဒီစိတ်နဲ့ ညစဉ်ရူး
အားလုံးတစ်လွဲစီပဲ
အမြဲတမ်းငါ့ရင်ခွင်မှာ ခိုဝင်နေတတ်သူ
မြင်နိုင်မလား မင်းလေး လက်ခံမလား
ငါ့အချစ်များစွာအတွက်
တစ်နေရာစာ ချန်ထားပေးပါ
တောင်းဆိုချင်တယ်......
တောင်းဆိုချင်တယ်......
.....................