မင်းသိပ်ချစ်တိုင်းလဲ
ပြန်ချစ်မယ် မထင်နဲ့
မင်းသတိရတိုင်းလဲ သူသိမယ် မထင်နဲ့
သံယောဇဉ်တွေဖြတ်
နောက်မှမင်းရဲ့အချစ်ကိုလှောင်နေရင်ခက်...
မယ်
မင်းဆိုးမိုက်ခဲ့သမျှ သင်ခန်းစာပါပဲ
မင်းရူးရူးမိုက်မိုက်
ဇွတ်မတိုးချင်ပါနဲ့
ဇာတ်လမ်းတွေအကုန်ဖြတ်
နောက်ဆိုမင်းရင်ဘတ်ကိုနာကြင်အောင်မလုပ်...
နဲ့
သူငယ်ချင်း ဒီလိုပဲ သံသရာထဲ
မတည်မြဲတဲ့သစ္စာ ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်းရှိမယ်
ဒီဝေဒနာတွေလည်းအမြဲကြုံနေမှာပဲ
သူငယ်ချင်း နာကြင်လဲ မငိုပါနဲ့
ဒါလောကသစ္စာ အချစ်ဟာမာယာပဲ
ကုစားဖို့ခက်တာသတိထားပါ
ဒဏ်ရာတွေနဲ့ ဒီနှလုံးသား
နောက်ဆိုမချစ်မိအောင် ကြိုးစား
မင်းသိပ်ချစ်တိုင်းလဲ
ပြန်ချစ်မယ် မထင်နဲ့
မင်းသိပ်လွမ်းတိုင်း သူသိမယ်မထင်နဲ့
သံယောဇဉ်တွေဖြတ်
နောက်မှမင်းရဲ့အချစ်ကိုလှောင်နေရင်ခက်...
မယ်
မင်းဆိုးမိုက်ခဲ့သမျှ သင်ခန်းစာပါပဲ
မင်းရူးရူးမိုက်မိုက်
ရှေ့မတိုးချင်ပါနဲ့
ဇာတ်လမ်းတွေအကုန်ဖြတ်
နောက်ဆိုမင်းရဲ့အသဲကိုနာကြင်အောင်မလုပ်...
နဲ့
သူငယ်ချင်း ဒီလိုပဲ သံသရာထဲ
မတည်မြဲတဲ့သစ္စာ ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်း ရှိမယ်
ဒီဝေဒနာတွေလည်းအမြဲကြုံနေရမယ်
သူငယ်ချင်း နာကြင်လဲ မငိုပါနဲ့
ဒါလောကသစ္စာ အချစ်ဟာမာယာပဲ
ကုစားဖို့ခက်တာသတိထားပါ
ဒဏ်ရာတွေနဲ့ ဒီနှလုံးသား
နောက်ဆိုမချစ်တတ်အောင် ကြိုးစား...
သူငယ်ချင်း ဒီလိုပဲ သံသရာထဲ
မတည်မြဲတဲ့သစ္စာ ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်း ရှိမယ်
ဒီဝေဒနာတွေလည်းအမြဲကြုံနေမှာပဲ
သူငယ်ချင်း နာကြင်လဲ မငိုပါနဲ့
ဒါလောကသစ္စာ အချစ်ဟာမာယာပဲ
ကုစားဖို့ခက်တာသတိထားပါ
ဒဏ်ရာတွေနဲ့ ဒီနှလုံးသား
နောက်ဆိုမချစ်မိအောင် ကြိုးစား
poeei