menu-iconlogo
huatong
huatong
avatar

ပုဂံလမ်းကစောင့်နေမယ်

တင့်တင့်ထွန်းhuatong
shespurrellhuatong
Lyrics
Recordings
ရိီဝေဝေ အတွေးများနဲ့

အတိတ်ကိုပြန်တွေး ကြည့်တဲ့အခါ

လွမ်းမောစရာအကြင်နာမိုးသည်းထဲမှာ

ကိုယ်တစ်ယောက်တည်းဆွေးစိတ်မပြေ

အချစ်ရေပြန်လှမ်းခဲ့တော့ကွယ်

မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်

ရင်ခုန်စရာ အပြုံးများနဲ့

အတိတ်နေရာဟောင်းကလေးများရယ်

ဆွေးမြေ့စရာ ဝေဒနာ နှင်းတောထဲမှာ

မျှော်နေရင်း ရင်မောရပြီ

အသက်ရယ်ပြန်မြန်းခဲ့တော့ကွယ်

နှင်းနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်

ရောက်လုပြီ ကိုယ်တို့နှစ်ဦးရဲ့ 

ကျောင်းဖွင့်ချိန်

ပြန်ဆုံကျမယ် ဒီအချိန်မှာ

အချစ်နဲ့အတူ

အကြင်နာလမ်းလေး လျှောက်ဖို့ရာ

အကြင်နာဆုံး

အချစ်ကလေးရယ် ပြန်လာပါ

ဂိမ္မာန်နွေရောက်ခဲ့ပြီ

အချစ်ရေမပြန်နဲ့ တားခဲ့လည်း

အသည်းနင့်အောင်

ဖန်လာတဲ့ ကျောင်းဖွင့်ချိန်

နွေပိတောက်ပန်း စိန်ပန်းများနဲ့

အမုန်းခြေရာလေး ပြေးသွားပြီ

အလွမ်းနဲ့အတူပုဂံလမ်းကစောင့်နေမယ်

ရောက်လုပြီ ကိုယ်တို့နှစ်ဦးရဲ့

ကျောင်းဖွင့်ချိန်

ပြန်ဆုံကြမယ့် ဒီအချိန်မှာ

အချစ်နဲ့အတူ

အကြင်နာလမ်းလေးလျှောက်ဖို့ရာ

အကြင်နာဆုံး

အချစ်ကလေးရယ် ပြန်လာပါ

မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်

နှင်းနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်

More From တင့်တင့်ထွန်း

See alllogo