menu-iconlogo
huatong
huatong
avatar

ကေသရီ

တူးတူးhuatong
ayekyaw🙇[အူအူး]huatong
Lyrics
Recordings
ကေသရီ

တူးတူး

စိုးမိုးမှုဒီ ရင်မှာ

နှလုံးသားထဲစူးနစ်စေခဲ့တယ်

ကေသရီရယ်

မင်းအကြည့်ကြောင့်ရင် ဝေဒနာ

နက်သထက်နက်ဖျက်မရနိုင်ခဲ့

အို ...မောင့်ကေသရီရယ်

စွဲလမ်းခြင်းအသင်္ချေကို

မင်းသက်သက်

ပေးခဲ့လေသလားကွယ်

တို့ဘဝရဲ့အာရုံတွေမှာ

တမ်းတမ်းစွဲ စွဲမိပြီပေါ့ကွယ်

ကေသရီရယ်

မလှမ်းဝံ့တဲ့ခြေရာတစ်စုံဟာ

မင်းနံဘေးနားရှိလျက်ပါပဲ

အို ...မောင့်ကေသရီရယ်

သောကကျင့်စဉ် တွေကို

နှလုံးသားထဲ

ထည့်ခဲ့လေသလားကွယ်

စိတ်ထဲရှိရှိသမျှနဲ့

အပြင်ဖက်ကလက်တွေ့ဘဝဟာ

ကွာ ခြားတယ်ချစ်သူရယ်

သိစေချင်တယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူး ကွယ်

အသက်နဲ့အမျှကြင်နာသူကို

ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ်

ကေသရီရယ်

တို့ဘဝရဲ့အဖေါ်မွန်ဟာ

ဝေးသင့်လို့ဝေးခဲ့ကြပြီပဲ

အို ... မောင့်ကေသရီရယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မကမ်းတော့ပါဘူး ကွယ်

စိတ်ထဲရှိရှိသမျှနဲ့

အပြင်ဖက်ကလက်တွေ့ဘဝဟာ

ကွာ ခြားတယ်ချစ်သူရယ်

သိစေချင်တယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူး ကွယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မကမ်းတော့ပါဘူး ကွယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူး ကွယ်

More From တူးတူး

See alllogo