မိငယ်
တွံတေး သိန်းတန်
Fb Name is လမင်းကိုကို
ချစ်သမျှချစ်ဆုံး...
မိုက်သမျှမိုက်ဖုံးတယ်..
အစ်ကိုနှမလေးငယ်ငယ်...
မိုက်လှချည်လား..
အသိမကြွယ်သေးသည့်
မိငယ်အရွယ်
ဆယ်ကျော်သက်အရွယ်
မကြီးမငယ်လှ
ခရီးဘယ်မျှ မတွေးတော့
မမှန်းဆနိုင်လေတယ်
ဘယ်ရွှေ့ဘယ်သို့ကွယ်
နက်နဲခတ်ခဲလှတယ်
မေတ္တာ ခရီးကြမ်းကို
လျှောက်လိုသူမိန်းကလေးရယ်
မိုက်လှချည်လား
အသိမကြွယ်သေးသည့်
မိငယ်အရွယ်....
မိဘစကား နားဝယ်ထား
မှားတယ်များကြားဖူးပါသလားကွယ်
ဒါမှမဟုတ် ကိုယ်ပိုင်အတွေးနဲ့
မဆုတ်မနစ်ဇွဲကိုတည်ကာရယ်
ရင်ဆိုင်တဲ့အခါများ
မှန်တယ်လိုကြုံဖူးပါသလားကွယ်
မေတ္တာ ဆိုတဲ့
အမှောင်အနက်မှန်းမရတဲ့လမ်းဝယ်
စမ်းတဝါးတဝါးမရှောက်ချင်ပါနဲ့
မိန်းကလေးရယ်...
မေတ္တာ နဲ့သစ္စာဆိုတာဟာ
ကစားစရာဝေါဟာရတွေ
မဟုတ်မှန်းတော့သိမှာပါလေကွယ်
မိဘစကား နားဝယ်ထား
မှားတယ်များကြားဖူးပါသလားကွယ်
ဒါမှမဟုတ် ကိုယ်ပိုင်အတွေးနဲ့
မဆုတ်မနစ်ဇွဲကိုတည်ကာရယ်
ရင်ဆိုင်တဲ့အခါများ
မှန်တယ်လိုကြုံဖူးပါသလားကွယ်
မေတ္တာ ဆိုတဲ့
အမှောင်အနက်မှန်းမရတဲ့လမ်းဝယ်
စမ်းတဝါးတဝါးမရှောက်ချင်ပါနဲ့
မိန်းကလေးရယ်...
မေတ္တာ နဲ့သစ္စာဆိုတာဟာ
ကစားစရာဝေါဟာရတွေ
မဟုတ်မှန်းတော့သိမှာပါလေကွယ်..
နှစ်ဦးချစ်သည်ဆိုတဲ့သဘော
ပြောကာပြမယ်
အဆင်ပြေစဉ်ပြုံးသော်လည်း
အဆင်မပြေကြသည့်အခါဝယ်
ကြီးငယ်မဟူမီးနှယ်ပူလိမ့်မယ်
အစ်ကို့ညီမလေး
အရွယ်ငယ်သေးတယ်
ခရီးပန်းလမ်းကကြမ်းမယ်
မေတ္တာဟူသည့်..
သည်လမ်းဝယ်...
စမ်းတ၀ါးဝါး...
မလျှောက်နဲ့နော် မှာမယ်
ရေကြည်သာ သောက်ချင်ရဲ့ကွယ်
ခတ်လှတဲ့မိန်းကလေး
အတွေးအိမ်သေးသိမ်
နုနုနယ်နယ်သည်အခါများဝယ်..
ရေကြည်ကိုရှာရေနောက်မှာ
မပျော်နဲ့ ဘဝဆိုတဲ့လေထုကို
ဖိလာဆန့်ကျင်လျှောက်ရင်
ခတ်ခတ်လို့ရယ်
ခတ်ပေါင်းမျိုးစုံကြုံလိမ့်မယ်
ရေကြည်သာ သောက်ချင်ရဲ့ကွယ်
ခတ်လှတဲ့မိန်းကလေး
အတွေးအိမ်သေးသိမ်
နုနုနယ်နယ်သည်အခါများဝယ်..
ရေကြည်ကိုရှာရေနောက်မှာ
မပျော်နဲ့ ဘဝဆိုတဲ့လေထုကို
ဖိလာဆန့်ကျင်လျှောက်ရင်
ခတ်ခတ်လို့ရယ်
ခတ်ပေါင်းမျိုးစုံကြုံလိမ့်မယ်
အစ်ကိုပြောလေသမျှရယ်
သဘောမကျသည်ထား
မယုံရင်...ပုံပြင်လို့များ
အတွေးမမှားလေနဲ့ကွယ်
နားမဝင်ခဲ့ချင်သေးရင်
မိုက်လှချည်လား
အသိမကြွယ်သေးသည့်
မိငယ်အရွယ်..
Fb Name လမင်းကိုကို...