အဖော်မဲ့ဆောင်း
ထက်အဉ္ဇလီ
.........
အဖြူရောင်နှင်းစက်လေးတွေ မြေပေါ်လာကျ
ဒါဏ်ရာတွေပိုးထားမိသမျှ နာကျင်လာရ
ဆောင်းကအေးတယ်..မင်းနဲ့ဝေးဆဲ..
ရင်ခုန်စရာတံစက်မြိတ်အောက်က မြူမှုန်တွေကျ
ဝေဒနာတွေသိမ်းဆည်းထားတယ်
ရင်ဘတ်ကြီးထဲမှာ
အသည်းလေးခွဲခဲ့ မင်းရက်စက်တယ်
ဒီအလွမ်းတွေ မခံနိုင်တော့ဘူးကွာ
အမြန်သာပြန်ခဲ့ပါ ငါမျှော်နေဆဲပါ
အသည်းခွဲတဲ့ဆောင်း ရူးခဲ့ရကြောင်း
တို့အိပ်မက်တွေ ရှိဆဲပဲ ငါ့မှာ
သတိရတဲ့အကြောင်း တမ်းတတဲ့ဆောင်း
မင်းရယ် အတိတ်ရယ် ချစ်ခြင်းများရယ်
မေ့မရတဲ့ဆောင်း ထားသွားတဲ့အကြောင်း
မျက်ရည်များစွာ အဖော်ပြုတဲ့ဆောင်း
မင်းမရှိတဲ့ ဆောင်း....
.........
ဒါဏ်ရာတွေတစစ်စစ်ကိုက်ကာ နာကျင်နေပါတယ်
အပြင်မှာအေးစက်လွန်းလည်း ရင်မှာမီးတောက်တယ်
ခံစားရလည်းဖြစ်တယ် ကိုယ်အရူးအမူးချစ်တယ်
ဒီအလွမ်းတွေ မခံနိုင်တော့ဘူးကွာ
အမြန်သာပြန်ခဲ့ပါ ငါမျှော်နေဆဲပါ
အသည်းခွဲတဲ့ဆောင်း ရူးခဲ့ရကြောင်း
တို့အိပ်မက်တွေ ရှိဆဲပဲ ငါ့မှာ
သတိရတဲ့အကြောင်း တမ်းတတဲ့ဆောင်း
မင်းရယ် အတိတ်ရယ် ချစ်ခြင်းများရယ်
မေ့မရတဲ့ဆောင်း ထားသွားတဲ့အကြောင်း
မျက်ရည်များစွာ အဖော်ပြုတဲ့ဆောင်း
အသည်းခွဲတဲ့ဆောင်း ရူးခဲ့ရကြောင်း
တို့အိပ်မက်တွေ ရှိဆဲပဲ ငါ့မှာ
သတိရတဲ့အကြောင်း တမ်းတတဲ့ဆောင်း
မင်းရယ် အတိတ်ရယ် ချစ်ခြင်းများရယ်
မေ့မရတဲ့ဆောင်း ထားသွားတဲ့အကြောင်း
မျက်ရည်များစွာ အဖော်ပြုတဲ့ဆောင်း
မင်းမရှိတဲ့ ဆောင်း.....
အာ......ဟာ....ဟာ..
ထားသွားတဲ့ ဆောင်း...
....
မင်းမရှိတဲ့ ဆောင်း......
..............