?နှင်းဆီမလေးချစ်ပုံပြင်?
ရေး/စန္ဒရားကွန်းဇော်
?ထူး
upload&saung nya
A-ဘယ်အတွက်ရယ်များ
ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား
မမနှင်းဆီပန်းရယ်
မေးပါရစေလား
လောကရဲ့အချစ်ဝဲ သံသရာ
အလှအပစုဝေးရာ
ချစ်စွာသောကမ္ဘာ
ဘာရယ်ကြောင့်များ
သဘောထားအမှန်တရား
အညှာတွယ်မထောက်ထား
ပြောစမ်းပါလား
B-ပွင့်နီဝါအရောင်ဖွေး
ရမ္မက်သွေးဖိုစရာ
လှလိုက်တာလှလိုက်တာ
သို့သော်ညား
ဆူးခက်တွေမနီးမဝေး
ထွေးပိုက်လို့ထား
မမနှင်းဆီအနီလေး
အကျည်းတန်သွား
ဘယ်အတွက်ရယ်များ
ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား
မမနှင်းဆီပန်း ရယ်
မေး လိုက် သောအခါ
A-ညီမငယ်ထွေးစံပယ်လေး
နုနုထွေးရယ်
အလှလေးကြွယ်သော
ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သောသဘောတွေ
မြင်လိမ့်မယ်
B-ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်
စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ်
သာ တဲ့အခါသာလိမ့်မယ်
A-ခြောက်သွေ့သော
နွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ်
အချစ်ရဲ့ဒီသဘော
B-ဖြောင့်တန်းကွေ့ကောက်
သွေ့ခြောက်စိုပြေ
ငိုမပြေရယ်မပျက်
ဆန့်ကျင်ဘက်ဒီသဘော
တွေ့ရလိမ့်ဦးမယ်
A-နှင်းဆီအနီနက်
ဆူး ခက် ဝေ ဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ
မင်းထက်စာရင်
ကင်းဝေးပါသေးတယ်
?
?music?
?
B-ညီမငယ်ထွေးစံပယ်လေး
နုနုထွေးရယ်
အလှလေးကြွယ်သော
ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သောသဘောတွေ
မြင်လိမ့်မယ်
A-ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်
စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ်
သာတဲ့အခါသာလိမ့်မယ်
B-ခြောက်သွေ့သော
နွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ်
အချစ်ရဲ့ဒီသဘော
A-ဖြောင့်တန်းကွေ့ကောက်
သွေ့ခြောက်စိုပြေ
ငိုမပြေရယ်မပျက်
ဆန့်ကျင်ဘက်ဒီသဘော
တွေ့ရလိမ့်ဦးမယ်
B-နှင်းဆီအနီနက်
ဆူး ခက် ဝေ ဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ
မင်းထက်စာရင်
ကင်းဝေးပါသေးတယ်
A-အချစ်ဆိုသော
အဖြေမရှိသည့်ထိုအရာရယ်
အပေါ်ယံကြော မဟုတ်တဲ့
တော် မှန်သော အချစ်နဲ့
နှင်း ဆီ ပန်း ကို နမ်းလာလှည့်ပါ
ဆူး ခက်ကလေး တွေ
အဆိပ်ပြယ်စေရပါမယ်
?
ပျော်ရွှင်ချမ်းမြေ့ပါစေ