ခင်မင်မှုနဲ့ အစပြုခဲ့တဲ့
ဖြူစင်ရှင်းသန့် သံယောဇဉ်
သူငယ်ချင်းရေ
ဘယ်သူ့ ရင်မှာ
ဘာတွေရှိလဲ နားလည်ခဲ့
ဟန်ဆောင်ဖုံးထားလဲပဲ
တို့ နှစ်ဦးအကြည့်က
အဓိပ္ပာယ်တွေနက်နဲ
ဒီလိုရှေ့ ဆက်သွားရင်
တစ်နေ့ ဘာတွေဖြစ်မယ်
ခင်မင်မှုနဲ့ ရှေ့ ဆက်ခဲ့တဲ့
ဖြူစင်ရှင်းသန့် သံယောဇဉ်
လက်ကလေးတွေ
မြတ်နိုးတွယ်တာ
အကြင်နာနှလုံးသားရှိသူအတွက်
ဟန်ဆောင်ဖုံးထားလဲပဲ
တို့ နှစ်ဦးအပြုံးကစကားတွေ
ဖလှယ်နေဆဲ
ဒီလိုရှေ့ ဆက်သွားရင်
တစ်နေ့ ဘာတွေဖြစ်မယ် ရေ့ …
နှလုံးသားကို သော့ခတ်ထားဖို့ 
မင်းမှာခွန်အားရှိရဲ့လား
သူငယ်ချင်းရေ….
အိုတံခါးလေးစေ့ရုံပဲလား
ရင်ထဲကအသည်းနှလုံးကို
ဟန်ဆောင်သော့လေးခတ်လို့ထားလဲ
အမြဲတမ်းလုံခြုံနိုင်မလား
သူငယ်ချင်းလေးရှေ့ ကိုစဥင်္်းစား
ဒီကတော့မိန်းကလေးမို့ 
အစဉ်အလာတွေရဲ့
စည်းဝိုင်းထဲမှာ
ရင်ခုံစွာတံခါးစေ့ရုံပဲ…
ခင်မင်မှုနဲ့ ရှေ့ ဆက်ခဲ့တဲ့
ဖြူစင်ရှင်းသန့် သံယောဇဉ်
လက်ကလေးတွေ
မြတ်နိုးတွယ်တာ
အကြင်နာနှလုံးသားရှိသူအတွက်
ဟန်ဆောင်ဖုံးထားလဲပဲ
တို့ နှစ်ဦးအကြည့်ကစကားတွေ
ဖလှယ်နေဆဲ
ဒီလိုရှေ့ ဆက်သွားရင်
တစ်နေ့ ဘာတွေဖြစ်မယ် ရေ့ …
နှလုံးသားကို သော့ခတ်ထားဖို့ 
မင်းမှာခွန်အားရှိရဲ့လား
သူငယ်ချင်းရေ….
တံခါးလေးစေ့ရုံပဲလား
ရင်ထဲကအသည်းနှလုံးကို
ဟန်ဆောင်သော့လေးခတ်လို့ထားလဲ
အမြဲတမ်းလုံခြုံနိုင်မလား
သူငယ်ချင်းလေးရှေ့ ကိုစဥင်္်းစား
ဒီကတော့မိန်းကလေးမို့ 
အစဉ်အလာတွေရဲ့
စည်းဝိုင်းထဲမှာ
ရင်ခုံစွာတံခါးစေ့ရုံပဲ…
အို…. တံခါးလေးစေ့ရုံပဲလား
ရင်ထဲကအသည်းနှလုံးကို
ဟန်ဆောင်သော့လေးခတ်လို့ထားလဲ
အမြဲတမ်းလုံခြုံနိုင်မလား
သူငယ်ချင်းလေးရှေ့ ကိုစဥင်္်းစား
ဒီကတော့မိန်းကလေးမို့ 
အစဉ်အလာတွေရဲ့
စည်းဝိုင်းထဲမှာ
ရင်ခုံစွာတံခါးစေ့ရုံပဲ…
(Enjoy the Moment!)
KylieKayL