သင်္ကြန်မိုး
ထွန်းအိန္ဒြာဗို
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြာင်းစ တန်ခူးလေမှာ …
တစ်ယောက် တစ်လှည့်မို့
လှမ်းကာ ဖျန်းပက်ကြစေ
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းလေးမော့လို့ ပိတောက် ဖူးလေးတွေ
ပန်ဆင်ထားသူရေ
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလည်း
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ …
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ …
လန်းဆန်းတဲ့မိုးရေ မိုးပြေးလေရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ …
တစ်ယောက်တစ်လှည့်မို့ လှမ်းကာ
ဖျန်းပက်ကြစေ
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းလေးမော့လို့
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလည်း
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ …
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ …
လန်းဆန်းတဲ့မိုးရေ မိုးပြေးလေရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး
လန်းဆန်းတဲ့ ပိတောက်ရယ်
မိုးပြေးလေးရယ်
သင်းပျံ့စ တန်ခူးလေမှာ …
ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင်
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး