menu-iconlogo
huatong
huatong
avatar

အကြင်နာနည်းလှလွန်းသူရယ်

ဒိုးလံုးhuatong
reneeroblescmhuatong
Lyrics
Recordings
သီချင်း - အကြင်နာနည်းလှလွန်းသူ

တေးဆို - ဒိုးလုံး

အထင်မှားမိတယ် မျှော်လင့်ဘဝတစ်ခု

ကိုယ်ရူးမူးမဲ့ ကမ္ဘာမြေဝယ်

ရှည်လျားနှစ်တွေ ကိုယ်အပြစ်မဖွဲ့ချင်

ကိုယ်စောင့်စားခဲ့ပေါ့ အခြေအနေ

အိုး .. အိုး ... မထူးခြားဘယ်လိုမှ

အိုး .. အိုး ...

အကြင်နာနည်းလှလွန်းသူလေးရေ

စိတ်ထဲစွဲနေ တကယ်အမြဲတမ်းချစ်

ကိုယ်မေးခွန်းအတွက် အဖြေညှိရင်း

သူပြောင်းလည်းကာ အို ချစ်မလားလို့

ဒီအသည်းနှလုံးက ပျော့မလာပေ

အညှိုးကြီးတဲ့

ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့

ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့

အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့

ပန်းလေးတစ်ပွင့်ဟာ

ရက်စက်တာများ

ပျောက်ပျက်သွားမလား

အလင်းများလွမ်းတဲ့

ကိုယ့်ဘဝအမှောင်ထဲ

အိုး .. အိုး ... မထူးခြားဘယ်လိုမှ

အိုး .. အိုး ...

အကြင်နာနည်းလှလွန်းသူလေးရေ

အဖြူအမည်းမသိတဲ့

သက်ပြင်းများအတွက်

ခံစားရတဲ့ ဝေဒနာကို

ပင်ပန်းလွန်းတယ် ကိုယ်စွန့်လွှတ်ဖို့

ကိုယ်ကြိုးစားလည်းအဖြစ်ကဆိုး

အညှိုးကြီးတဲ့

ကိုယ့်အချစ်ဆုံးရဲ့ အကြည့်နဲ့

ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့

အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့

ပန်းလေးတစ်ပွင့်ဟာ

ရက်စက်တာများ

ပျောက်ပျက်သွားမလား

အလင်းများလွမ်းတဲ့

လူ့ဘဝအမှောင်ထဲ

အိုး .. အိုး ... မထူးခြားဘယ်လိုမှ

အိုး .. အိုး ...

အကြင်နာ နည်းလှလွန်းသူလေးရယ်

အိုး.. အိုး.. မထူးခြားဘယ်လိုမှ ..

အိုး .. အိုး ...

အကြင်နာနည်းလှလွန်းသူလေးရယ်

အိုး .. အိုး ... မထူးခြားဘယ်လိုမှ

အိုး.. အိုး ..

အကြင်နာနည်းလှလွန်းသူလေးရယ်

More From ဒိုးလံုး

See alllogo